၂၃ ဖေဖော်ဝါရီ၊ ၂၀၂၅
မြန်မာနိုင်ငံကို နာမည်ပျက်စာရင်းမှာ ဆက်ထားသွားမယ်လို့ ကမ္ဘာ့လုံးဆိုင်ရာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုနဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို စောင့်ကြည့်သူ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) က ကြေညာထားပါတယ်။
ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုကို တန်ပြန်ဖို့ သိသာထင်ရှားတဲ့ ဗျူဟာချို့ယွင်းချက်တွေ ရှိနေတာကြောင့် ယခုလိုဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါအစည်းအဝေးကို စစ်ကောင်စီလက်အောက်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ကိုယ်တိုင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နာမည်ပျက်စာရင်းမှာပဲ ဆက်ထားမယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ကစ၍ FATF က မြောက်ကိုရီးယား၊ အီရန်တို့နဲ့တန်းတူ မြန်မာနိုင်ငံကို အမည်ပျက်စာရင်း တင်သွင်းခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို အမည်ပျက်စာရင်း တင်သွင်းခဲ့ပြီး နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ နိုင်ငံအတွင်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာခြင်း၊ကျပ်ငွေတန်ဖိုးကျဆင်းကာ ငွေကြေး ဖောင်းပွမှုနှင့်အတူ ကုန်ပစ္စည်းစျေးနှုန်းများမြင့်တက်လာခဲ့တာဖြစ်ပါတယ်။
Photo – FATF