၁၈ ဖေဖော်ဝါရီ၊ ၂၀၂၅
အဆိုတော် မာရဇ္ဇ ရေးသားသီဆိုခဲ့တဲ့ တေးသီချင်းတွေ၊ သံစဉ်နဲ့ ရုပ်ပုံလွှာတွေကို ခွင့်ပြုချက်မရှိဘဲ အသုံး မပြုဖို့ ဇနီးဖြစ်သူကဖေဖော်ဝါရီ ၁၇ ရက်မှာ တရားဝင် အသိပေးထုတ်ပြန်ခဲ့ပါတယ်။
အသက် ၅၈ နှစ်အရွယ်ရှိတဲ့ မာရဇ္ဇဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက် ညပိုင်းက ကျောက် ကပ်ရောဂါနဲ့ လှိုင်မြို့နယ် နေအိမ်မှာ ကွယ်လွန်ခဲ့တာပါ။
တေးသံရှင် မာရဇ္ဇမကွယ်လွန်မီ ရေးသားသီဆိုခဲ့တဲ့ တေးသီချင်းတွေ၊ စာသားတွေ၊ သံစဉ်တွေကို ခွင့်ပြုချက်မရှိ ဘဲ ဘယ်နေရာမှာမှ သုံးစွဲခြင်းမပြုလုပ်ရန်နှင့် ရုပ်ပုံလွှာကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အသုံးမပြုဖို့ကိုလည်း ဇနီးဖြစ်သူက အသိပေးထားပြီး လိုက်နာခြင်းမရှိပါက ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်မယ်လို့ ဆိုပါတယ်။
အဆိုတော် မာရဇ္ဇဟာ မျှော်လင့်ခြင်းလမင်း၊ ပုံရိပ်မဲ့ဂရပ်ဖစ်၊ ရွှေရောင်ကောင်းကင်၊ အချစ်ငတ်သား ကောင် အစရှိတဲ့ တေးစီးရီးတွေများစွာကို ထွက်ရှိခဲ့သူလည်းဖြစ်ပါတယ်။