Homeပြည်တွင်းသတင်းပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၈၆ ကြိမ်ရှိပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၅၉၉ မှုထိ ရှိကြောင်း NUG ထုတ်ပြန်

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၈၆ ကြိမ်ရှိပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၅၉၉ မှုထိ ရှိကြောင်း NUG ထုတ်ပြန်

၂၉ နိုဝင်ဘာ၊ ၂၀၂၄

၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းမှာ စစ်ကောင်စီလေတပ်က ၁၈၆ကြိမ် ရှိပြီး လူ့အခွင့်အရေးချိုးဖောက်မှု ၅၉၉ မှုအထိ ရှိတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက နိုဝင်ဘာလ ၂၉ ရက်က ထုတ်ပြန်ကြေညာ ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးရတဲ့ လူနေအိမ် ၂၂၁ လုံး၊ စာသင်ကျောင်း ၁၃ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၂၆ လုံး၊ ဆေးရုံ ၆ လုံးရှိပြီး သေဆုံးသူ ၁၁၀ ဦး နဲ့ ထိခိုက်ဒဏာ်ရာရရှိသူ ၃၀၃ ဦး ရှိတယ်လို့ သိရပါတယ်။

စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေဟာ ရှမ်းပြည်နယ်မှာ ၃၇ ကြိမ်၊ ရခိုင်ပြည်နယ်မှာ ၂၈ ကြိမ်၊ တခြားဒေသတွေမှာ ၁၅၃ ကြိမ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာ လတစ်လအတွင်း ပြည်သူတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စုစုပေါင်း ၅၉၉ မှု ရှိပြီး စစ်ကိုင်းတိုင်းမှာ ၉၃ မှု၊ ရခိုင်ပြည်နယ်မှာ ၉၀ မှု၊ မကွေးတိုင်းမှာ ၇၇ မှု၊ မန္တလေးတိုင်းမှာ ၇၁ မှု ရှိပါတယ်။

ကျန်ဒေသတွေမှာ ၂၆၈မှု ရှိပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံ ရမှုကြောင့် သေဆုံးသူ ၉၀ယောက်ထိ ရှိပါတယ်။ နေအိမ်နဲ့ အရပ်သားပိုင်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးမှုက ၁၀၉ မှုနဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်မှု ၁၃၈ မှု ရှိတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့် အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

ပုံစာ – NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သောစာရင်းဇယားများ

Photo – Screengrab From MOHR

ဆက်စပ် သတင်းများ

Most read