Homeပြည်တွင်းသတင်းNUG လူ့အခွင့်အရေးဝန်ကြီးနဲ့ ဥရောပကောင်စီ လွှတ်တော်အမတ်တို့ မြန်မာ့အရေးဆွေးနွေး

NUG လူ့အခွင့်အရေးဝန်ကြီးနဲ့ ဥရောပကောင်စီ လွှတ်တော်အမတ်တို့ မြန်မာ့အရေးဆွေးနွေး

၁၉ အောက်တိုဘာ၊ ၂၀၂၄

NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းနဲ့ အီတလီနိုင်ငံ အောက်လွှတ်တော် ကာကွယ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဥရောပကောင်စီ လွှတ်တော်အမတ် ဖြစ်သူ Hon. Piero Fassino တို့ အီတလီနိုင်ငံ ၊ ရောမမြို့က လွှတ်တော်အဆောက်အဦးမှာ အောက်တိုဘာ (၁၈ )ရက်နေ့တွင် တွေ့ဆုံခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာ၊ နယ်မြေ၊ စိတ်ဓါတ် ကျရှုံးသော အခြေအနေတွေ၊ ဒီမိုကရေစီ အင်အားစုတွေအကြား လက်တွဲလုပ်ဆောင်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ပြီး စစ်မှန်တဲ့ ဖက်ဒရာယ်ဒီမိုကရေစီလမ်းကြောင်းကို ဆောင်ကျဉ်းနိုင်မည်မဟုတ်ဘူးလို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ် Hon. Piero Fassino ကလည်း အီတလီအောက်လွှတ်တော်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တရပ် ထုတ်ပြန်နိုင်ရန်အတွက် ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read