Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် NUG ဘက်က အပြန်အလှန်ကြေညာ

စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် NUG ဘက်က အပြန်အလှန်ကြေညာ

၃ စက်တင်ဘာ၊ ၂၀၂၄

စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ဖြစ်တဲ့ TNLA ၊ AA နဲ့ MNDAA တို့ကို အကြမ်းဖက်အုပ်စုတွေအဖြစ် ကြေညာပြီးတဲ့နောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကလည်း စစ်ကောင်စီလက်အောက်က အကြမ်းဖက် မှုတိုက် ဖျက်ရေးဗဟိုအဖွဲ့ကို အကြမ် းဖက်အုပ်စုနဲ့အကြမ်းဖက်သမားတွေအဖြစ် အပြန်အလှန် ကြေညာပါ တယ်။

ဒီကြေညာချက်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ (င) နဲ့ ပုဒ်မ ၇၂ ၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးတယ်လို့ NUG က ဆိုပါတယ် ။

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ပြီး အဓမ္မအာဏာသိမ်းပြီး နိုင်ငံတော် သစ္စာဖောက်မှုကို ကျူးလွန်ခဲ့တယ်လို့ NUG က ဆိုပါတယ်။

ပြည်သူလူထုကို အကြမ်းဖက်မှု၊ ကြောက်ရွံထိတ်လန့်စေမှုနဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူး လွန်နေတဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ”လို့ အမည်ရှိတဲ့ စစ်ကောင်စီကို NUG ရဲ့ ပြည်ထောင် စုလွှတ်တော်ကိုယ်စားပြုကော်မတီက ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်မှာ ကြေညာချက်အမှတ် (၁၀/၂၀၂၁) နဲ့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာပါတယ်။

ဒါ့အပြင် NUG ရဲ့ တရားရေးဝန်ကြီးဌာနက “အိမ်စောင့် အစိုးရအဖွဲ့” လို့ အမည်ရှိသည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂ ရက် ရက်စွဲပါ ကြေညာချက်အမှတ် (၃/၂၀၂၁) နဲ့ မတရားအသင်းအဖြစ် ကြေညာထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ “အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့” က ဖက်ဒရယ် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေဖြစ်တဲ့ ULA/AA ၊ MNDAA နဲ့ TNLA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စက်တင်ဘာ ၂ ရက်က ထုတ်ပြန်ကြေညာခဲ့ ပါတယ်။

ဒီကြေညာချက်ဟာ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရတဲ့ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်တာ ဖြစ်တဲ့အတွက် အမိန့်စာ (၁/၂၀၂၄) နဲ့ (၂/၂၀၂၄) တို့ဟာ တရားမဝင်ဘူးလို့ NUG က တုံ့ပြန် ကြေ ညာပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ “ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့”ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေ ညာလိုက်ပြီး ဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေက စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင် ရွက်နေတဲ့အတွက် အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာလိုက်တယ်လို့ NUGရဲ့ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန လက်အောက်က အကြမ်းဖက်မှုတိုက် ဖျက် ရေးဗဟို အဖွဲ့ က စက်တင် ဘာ ၃ ရက် ဒီနေ့လယ်မှာ အပြန်အလှန် ကြေညာသွားပါတယ်။

Photo – NUG

ဆက်စပ် သတင်းများ

Most read