Homeပြည်တွင်းသတင်းမဲဆောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အသက် ၅ နှစ်အရွယ်ကို လိင်အမြတ်ထုတ်မှုအတွက် NUG ဖမ်းဝရမ်းထုတ်ပြန်

မဲဆောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အသက် ၅ နှစ်အရွယ်ကို လိင်အမြတ်ထုတ်မှုအတွက် NUG ဖမ်းဝရမ်းထုတ်ပြန်

၃၁ ဩဂုတ်၊ ၂၀၂၄

၂၀၂၃ ခုနှစ် ဧပြီလအတွင်းမှာ ထိုင်းနိုင်ငံမဲဆောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုတစ်ခုအတွက် ကျူးလွန်သူကို NUG က ဩဂုတ်လ ၃၀ ရက်စွဲနဲ့ ဖမ်းဝရမ်းထုတ်ပြန်လိုက်ပါတယ်။

၂၀၂၃ ခုနှစ်အတွင်းက CDM ပြုလုပ်ပြီး ထိုင်းနိုင်ငံကို လာရောက်ခိုလှုံနေတဲ့ တက္ကသိုလ် ဆရာမတစ်ဦးရဲ့ အသက် ၅ နှစ်အရွယ် သမီးငယ်ကို အသက် ၆၀ ဝန်းကျင်အရွယ် ဦးအောင်မင်းဆိုသူက လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ပြီး ဓမ္မတာနဲ့ဆန့်ကျင်တဲ့ကျူးလွန်မှု ပြုလုပ်ခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးနှင့် ကလေးသူငယ် ဝန်ကြီးဌာန နှင့် ကလေးမြို့နယ် ပြည်သူ့ရဲ့တပ်ဖွဲ့(တောင်ပိုင်း)မှာ (ပ)၁၅/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၇နဲ့ အမှုဖွင့်လှစ်ထားပါတယ်။

အခုအခါ ဦးအောင်မင်းကို အမျိုးသားညီညွတ်ရေးအစိုးရ ကလေးမြို့နယ် တရားသူကြီးဆလိုင်းဂျေ (တ-၀၇၆)က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

ဝရမ်းကို ဩဂုတ်လ ၃၀ရက်စွဲနဲ့ထုတ်ထားတာဖြစ်ပြီး အောင်မင်းကို ရာဇသတ်ကြီး ပုဒ်မ- ၃၇၇/ ကျင့်- ၅၁၂ ကျူးလွန်ထားကြောင်း စွဲဆိုထားသည်ဖြစ်၍ ဖမ်းဆီးရုံးတော်ရှေ့တင်ပို့ရမည်လို့ ဖော်ပြပါရှိပါတယ်။

ဦးအောင်မင်းဆိုသူဟာ နွေဦးတော်လှန်ရေးမှာ ထွက်ပြေးတိမ်းရှောင်လာတဲ့ အမတ်တစ်ဦးဖြစ်ပြီး သူ့ကို ပထမတစ်ကြိမ်မဲဆောက်မြို့မှာ ဖမ်းဆီးပြီး တဖက်က တော်လှန်ရေးနယ်မြေမှာ သွားရောက် အပ်နှံထိန်းသိမ်းထားတုန်းက နိုင်ငံရေးအသိုင်းအဝိုင်းကလူတချို့ ကူညီ ခေါ်ထုတ်သွားခဲ့ဖူးပါတယ်။

အခုအခါ ဦးအောင်မင်းဟာ ထိုင်းနိုင်ငံပြင်ပက နိုင်ငံတစ်ခုမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

Photo – NUG

ဆက်စပ် သတင်းများ

Most read