Homeပြည်တွင်းသတင်းတရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာရောက်ပြီးနောက်မှာ တရုတ်က စစ်ကောင်စီကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ထုတ်ချေးကြောင်း သတင်းတွေ ထွက်ပေါ်

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာရောက်ပြီးနောက်မှာ တရုတ်က စစ်ကောင်စီကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ထုတ်ချေးကြောင်း သတင်းတွေ ထွက်ပေါ်

၁၈ ဩဂုတ်၊ ၂၀၂၄

၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ မြန်မာနိုင်ငံကို လာပြီး စစ်ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ တရုတ်အစိုးရက စစ်ကောင်စီကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ထုတ်ချေးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီသတင်းနဲ့ပတ်သတ်ပြီး NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်ကလည်း သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားဖော်ပြပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး NUG အစိုးရအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မေးမြန်းအတည်ပြုသွားမှာဖြစ်တယ်လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုပါတယ်။ ပြည်သူ့ကြွေးမြီဆိုတာ ပြည်သူတွေကိုယ်တိုင်ကြည်ဖြူစွာ အုပ်ချုပ်ရေးအာဏာအပ်နှင်းခံရတဲ့ အစိုးရကသာ ချေးယူသုံးစွဲခွင့်ရှိပြီး ပြည်သူ့အာဏာကို အတင်းအဓမ္မလုယူထားသည့် အကြမ်းဖက်အဖွဲ့အစည်းက ချေးယူသုံးစွဲခွင့် လုံးဝမရှိဘူးလို့ ဦးတင်ထွန်းနိုင်က ရေးသားဖော်ပြထားပါတယ်။

NUG အနေနဲ့ ၂၀၂၁ ခုနှစ် ၊ ဇွန်လ ၁၄ ရက်ထဲက “ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲသည့်ဥပဒေ” ကို တတိယအကြိမ်ပြင်ဆင်ပြီး ထုတ်ပြန်ကြေညာထားပါတယ်။ ဒီဥပဒေမှာ အကြမ်းဖက်စစ်ကောင်စီက လက်ခံရယူ၊ချေးယူခဲ့သော မည်သည့်ချေးငွေမဆို ပြည်သူ့ကြွေးမြီအဖြစ် အသိအမှတ်ပြုမည် မဟုတ်ဘဲ NUG နဲ့ NUG ကို ဆက်ခံသော အစိုးရတွေက ပေးဆပ်ဖို့ တာဝန်ရှိမည်မဟုတ်ကြောင်း ပြဌာန်းဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

Most read