Homeပြည်တွင်းသတင်းနိုင်ငံရဲ့ အရေးပေါ် အခြေအနေကို နောက်ထပ် ခြောက်လ သက်တမ်းတိုးကြောင်း စစ်ခေါင်းဆောင် ကြေညာ

နိုင်ငံရဲ့ အရေးပေါ် အခြေအနေကို နောက်ထပ် ခြောက်လ သက်တမ်းတိုးကြောင်း စစ်ခေါင်းဆောင် ကြေညာ

၃၁ ဇူလိုင်၊ ၂၀၂၄

မြန်မာနိုင်ငံရဲ့ အရေးပေါ် အခြေအနေ သက်တမ်း ပြည့်သွားတဲ့ ဇူလိုင်လ ၃၁ ရက်မှာ ကာလုံအစည်းအဝေးခေါ်ယူပြီး မြန်မာနိုင်ငံရဲ့ အရေးပေါ် အခြေအနေကို နောက်ထပ် ၆ လ သက်တမ်း ထပ်တိုးတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြေညာပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကို မင်းအောင်လှိုင်က တက်ရောက်ပြီး လာမယ့် ဩဂုတ် ၁ ရက်က ဇန်နဝါရီ ၃၁ အထိ အုပ်ချုပ်မှုကာလ တိုးမြှင့်ထားကြောင်း အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။

ကာလုံအစည်းအဝေးကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးက ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးက ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နယ်စပ်ရေးရာက ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့က တက်ရောက်ပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ဟာ ကာလုံအစည်းအဝေးမစခင် စစ်ဗိုလ်ချုပ်ကြီးများနဲ့ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်ဝန်ကြီးချုပ် ၊ နစကဥက္ကဌ ရာထူးများကို တစ်ဦးတည်း ရယူထားတဲ့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီနေ့ ကျင်းပတဲ့ ကာလုံအစည်းအဝေးကို စစ်ဝတ်စုံနဲ့ တက်ရောက်လာပြီး ရာထူးနေရာကို ယာယီသမ္မတ(တာဝန်)နှင့် ကာကွယ်ရေး ဦးစီးချုပ်လို့ စာတန်းထိုးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read