Homeနိုင်ငံတကာသတင်းရီပတ်ဘလစ်ကန် အမျိုးသားညီလာခံမှာ နားရွက်ပတ်တီးနဲ့ ဒေါ်နယ် ထရန့် ပြန်ပေါ်လာ

ရီပတ်ဘလစ်ကန် အမျိုးသားညီလာခံမှာ နားရွက်ပတ်တီးနဲ့ ဒေါ်နယ် ထရန့် ပြန်ပေါ်လာ

ဝစ်စကွန်ဆင်၊ ဇူလိုင် ၁၆

မိုဝါးကီးလ် မြို့လယ်မှာတနင်္လာနေ့ ဇူလိုင် ၁၅က ကျင်းပခဲ့တဲ့ လူထု တွေ့ဆုံပွဲကို နားရွက်ပတ်တီးအုပ်ထားတဲ့ ဒေါ်နယ် ထရန် ရောက်လာခဲ့ပါတယ်။

လူအုပ်ကြီးကလည်း “Fight! Fight! Fight” လို့ ကြွေးကြော်ပြီး ထရန့်ကို သူရဲကောင်းလို ထောက်ခံဝန်းရံခဲ့ကြ တယ်လို့ သိရပါတယ်။

ဖက်ဒရယ်တရားသူကြီးက ထရန့်အပေါ်စွဲဆိုထားတဲ့ ရာဇ၀တ်မှုဆိုင်ရာတရားစွဲဆိုမှုတွေကို ပယ်ချပြီးတဲ့နောက် လေးရက်ကြာကျင်းပတဲ့ စည်းဝေးပွဲကိုလည်း ထရန့်က တက်ရောက်ခဲ့ပတယ်။

လာမယ့် ကြာသပတေးနေ့ ဇူလိုင် ၁၈မှာတော့ ရစ်ပတ်ဘလီကန်ပါတီရဲ့ အမည်စာရင်းတင်သွင်းခြင်းကို တရားဝင်လက်ခံမှာ ဖြစ်ပြီး နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

Ref: Reuters

Related News

Most Read