Homeနိုင်ငံတကာသတင်းသမ္မတမဲဆွယ်ပွဲမှာ ထရမ့် ပစ်ခတ်တိုက်ခိုက်ခံရ

သမ္မတမဲဆွယ်ပွဲမှာ ထရမ့် ပစ်ခတ်တိုက်ခိုက်ခံရ

အမေရိကန်နိုင်ငံ၊Pennsylvaniaပြည်နယ် Butler မှာ ကျင်းပနေတဲ့အမေရိကန်သမ္မတမဲဆွယ်ပွဲမှာ ဇူလိုင်၁၄ရက်ဒေသစံတော်ချိန်ညနေ၆နာရီက သမ္မဟောင်းနဲ့သမ္မတလောင်း ထရမ့် ပစ်ခတ်တိုက်ခိုက်ခံရပြီး မျက်နှာမှာ သွေးစများပေကျံပြီး ဒဏ်ရာရရှိခဲ့ပေမယ့် အသက်အန္တရာယ်မစိုးရိမ်ဘူးလို့ နိုင်ငံတကာသတင်းဌာနများရဲ့ဖော်ပြချက်အရသိရပါတယ်။

သမ္မဟောင်းနဲ့သမ္မတလောင်းထရမ့်ဟာ သမ္မတမဲဆွယ်ပွဲမှာ လူထုကြားစကားပြောပြီး စည်းရုံးရေး ဆင်းနေချိန် သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ထရမ့်ဟာ ရုတ်တရက်လဲကျသွားပြီး လုံခြုံ ရေးအဖွဲ့မှာ အကာအကွယ်ယူပေးချိန် ပြန်ထလာခဲ့ကာ လက်မြှောက်ပြခဲ့တာကြောင့် အသက်အန္တရာယ်စိုးရိမ်စရာမရှိဘဲ မျက်နှာမှာ သွေးစများပေကျံပြီး ဒဏ်ရာရရှိတာကို မြင်တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်စဥ်အတွင်း ထရမ့်ကို လုပ်ကြံသတ် ဖြတ်သူကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့တဲ့အပြင် မဲဆွယ်ပွဲလာပြည်သူတစ်ဦးလည်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အမေရိကန်သမ္မတဟောင်းနဲ့သမ္မတလောင်းထရမ့်ဟာ ဘေးကင်းလုံခြုံမှုရရှိတယ်လို့ လုံခြုံရေးတပ်ဖွဲ့ကသတင်းထုန်ပြန်ထားပြီးပစ်ခတ်တိုက်ခိုက်မှုအပေါ် ဒီမိုကရက်တစ်နဲ့ရီပတ်ဘလစ်ကန် နှစ်ဖက်စလုံးက နိုင်ငံရေးအကြမ်းဖက်မှုလို့ ပြင်းထန်စွာ ဝေဖန်ပြစ်တင်နေကြတယ်လို့ သိရပါတယ်။

Related News

Most Read