Homeပြည်တွင်းသတင်းရန်ကုန်–ဒလ YBS ယာဉ်တွေ စတင်ပြေးဆွဲပေးနေ

ရန်ကုန်–ဒလ YBS ယာဉ်တွေ စတင်ပြေးဆွဲပေးနေ

၁၃ ဖေဖော်ဝါရီ ၂၀၂၆

မကြာသေးခင်က ဖွင့်လှစ်ပေးခဲ့တဲ့ မြန်မာ–ကိုရီးယားချစ်ကြည်ရေးတံတား (ဒလတံတား) ကို ဖြတ်သန်းပြီး ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်ကစတင်ကာ ရန်ကုန်–ဒလ YBS ယာဉ်လိုင်းတွေ ကို စမ်းသပ်အနေနဲ့ ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေက ပြောပါတယ်။

လက်ရှိမှာ ဆူးလေနဲ့ ဗိုလ်တထောင်ဘုရားအနီးမှာ ယာဉ်ဂိတ်တွေ ထားရှိပြီး “ဒလခရီးစဉ် စမ်းသပ်ပြေးဆွဲယာဉ်” ဆိုတဲ့ စာသားကို ချိတ်ဆွဲထားတဲ့ အမှတ် ၁၀၈၊ ၇၂၊ ၁၄၅၊ ၅၈၊ ၂၉ ယာဉ်တွေကို စီးနင်းနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

လမ်းကြောင်း (၁) အနေနဲ့ ဆူးလေ၊ ဒလ (ဆူးလေ–ဒလ–ဆူးလေ) ဗိုလ်တထောင်ဘုရား ၊ ဒလ ၊ ဗိုလ်တထောင်ဘုရားဆူးလေ (မြို့တော်ခန်းမ)၊ လမ်း ၃၀ (အနော်ရထာလမ်း)၊ ကုန်ဈေးတန်း၊ လသာ (အနော်ရထာလမ်း)၊ အရေးပေါ်ဌာန (လမ်းမတော်လမ်း)၊ ဘုန်းကြီးလမ်း၊ ဒလတံတား၊ ဒလတွံတေးလမ်းဆုံ၊ ကျောင်းရှေ့ (အထက ၄) ထို့နောက် လမ်းကြောင်းအတိုင်း ပြန်လည်ဝင်ရောက်ပြီး ဆူးလေ (မြို့တော်ခန်းမ) သို့ ပြေးဆွဲပါတယ်။

လမ်းကြောင်း (၂) အနေနဲ့ ဗိုလ်တထောင်ဘုရား၊ ဒလ၊ ဆူးလေ၊ ဗိုလ်တထောင်ဘုရား (YUPT Gate) မှ စတင်ကာ ဗိုလ်တထောင်ဘုရားလမ်း၊ ကုန်သည်လမ်း၊ ပန်းဆိုးတန်း၊ လသာ (ကမ်းနားလမ်း)၊ မော်တင်၊ သခင်မြပန်းခြံ၊ ဘုန်းကြီးလမ်း၊ ဒလတံတား၊ ဒလတွံတေးလမ်းဆုံ၊ ဒလဂိတ်ဖျား … ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက် ဆူးလေဘက်ကို ပြန်လည်ပြေးဆွဲပါတယ်။

ရန်ကုန်–ဒလ YBS ယာဉ်လိုင်းတွေကို နေ့စဉ် နံနက် ၇ နာရီကနေ ညနေ ၆ နာရီအထိ ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ စမ်းသပ်ပြေးဆွဲနေဆဲဖြစ်တာကြောင့် ခရီးသည်စီးနင်းမှု အခြေအနေအပေါ်မူတည်ပြီး လမ်းကြောင်းတိုးချဲ့တာ၊ ပြင်ဆင်ပြောင်းလဲတာတွေ လည်း ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – YBS Explorers

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး