ဆုကြေးငွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့မန္တလေး လူထုသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံလိုက်ရပြီဖြစ်တယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်း သားများသမဂ္ဂရဲ့မနေ့က ဒီဇင်ဘာ ၁၇ ရက်မှာ သတင်းထုတ်ပြန်ခချက်အရ သိရပါတယ်။
ဒီလိုဖမ်းဆီးခံလိုက်ရတာကြောင့် ကိူထက်မြက်အောင်ရဲ့ အသက်အန္တရာယ်ဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့လည်း ဆိုထားပါတယ်။
ကိုထက်မြက်အောင်ကို မန္တလေးမြို့မှာပဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး၊ ဖမ်းဆီးရာမှာစစ်အုပ်စုက ပြင်းထန်တဲ့ ရိုက်နှက်ထိုးကြိတ်တာတွေပြုလုပ်ခဲ့တာကြောင့် အသက်အန္တရာယ်အတွက်ပါ စိုးရိမ်ရတယ်လို့ ဖော်ပြထားပါတယ်။
အသက် ၂၄နှစ်အရွယ် ကိုထက်မြက်အောင်ဟာ ရတနာပုံတက္ကသိုလ် ကျောင်း သားများသမဂ္ဂရဲ့ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သူ ကျောင်းသားခေါင်းဆောင် တဦးဖြစ်ပြီး အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC- MDY)နဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိ နှိုင်းရေးအင်အားစု (GSCB)တို့ရဲ့ အဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။
အခုလို ဖမ်းဆီးခံရပြီးနောက် ကိုထက်မြတ်အောင်ရဲ့ကျန်းမာရေးနဲ့ အသက်အန္တရာယ် ထိခိုက်ယိုယွင်းမှု တစုံတရာ ဖြစ်ပေါ်ခဲ့ပါက စစ်အုပ်စုကသာ တာဝန်ယူ၊ တာဝန်ခံရမယ်လို့လည်း ရတနာပုံတက္ကသိုလ်ကျောင်း သားများသမဂ္ဂ ကအသိပေးထားပါတယ်။
ဓာတ်ပုံ-AFCC- MDY


