Homeပြည်တွင်းသတင်းNUGနဲ့ EROs တွေပါဝင်တဲ့ အားကောင်းတဲ့ အစိုးရတရပ် ပြင်ဆင်ဖွဲ့စည်းသွားမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြော

NUGနဲ့ EROs တွေပါဝင်တဲ့ အားကောင်းတဲ့ အစိုးရတရပ် ပြင်ဆင်ဖွဲ့စည်းသွားမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြော

ဒီဇင်ဘာ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့(EROs)တွေ ပါဝင်တဲ့ အား ကောင်းတဲ့ အစိုးရတရပ်ပြင်ဆင်ဖွဲ့စည်းဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ဒါဟာ ဒုတိယအဆင့် အနေနဲ့ လုပ်ဆောင်မှာဖြစ်ပြီး။ တတိယအဆင့်အနေနဲ့‌က တော့ မင်းအောင်လှိုင်နဲ့ အကြမ်းဖက် စစ်အုပ်စုကို ဖြုတ်ချပြီးနောက် အသွင်ကူး ပြောင်းရေးအစိုးရတစ်ရပ်ကို ဖွဲ့စည်းဖို့ ဖြစ်တယ်လို့ ဆိုထားပါတယ်။

လတ်တလော ပထမအဆင့်အနေနဲ့ ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော် မတီက ပြည်သူတစ်ရပ်လုံးကို ထုတ်ပြန်ပေးခဲ့တဲ့ အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးဖွဲ့စည်းပုံဟာ ပထမအဆင့်ပြုပြင်ပြောင်းလဲလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလဟာ ဒီဇင်ဘာ ၈ ရက် ညပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ် သက်ပြီး မိန့်ခွန်းပြောကြားရာမှာ အခုလိုထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။

ဒါအပြင် လတ်တလောမှာတော့ မဟာ မိတ် စစ်ရေးတပ်ပေါင်းစုနဲ့ မဟာမိတ် နိုင်ငံရေး တပ်ပေါင်းစု ဖြစ်ပေါ်လာဖို့ အကန့်အသတ်တွေ ရှိနေသေးတယ်လို့ ယာယီသမ္မတက သတိပေးထားပါတယ်။

“မဟာမိတ် စစ်ရေးတပ်ပေါင်းစုနဲ့ မဟာ မိတ် နိုင်ငံရေးတပ်ပေါင်းစုမှသည် တမျိုးသားလုံးညီညွတ်ရေးကို ကျယ်ပြန့်စွာ ကိုယ်စားပြုနိုင်တဲ့ အစိုးရဖြစ်လာအောင် အထူးသဖြင့် တိုင်းရင်းသာတော်လှန်ရေးအင်အားစုတွေ ကျယ်ပြန့်စွာ ပါဝင်လာနိုင်အောင် ကျနော်တို့ အားလုံးကြိုးစားခဲ့ကြရပါတယ်။ ဒါပေမဲ့အဓိကတိုင်းရင်း သားလက်နက်ကိုင် အင်အားစုကြီးတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွေထဲမှာ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်လာဖို့ လက်ရှိအချိန်မှာ အကန့်အသတ်တွေရှိနေတယ်ဆိုတာ သိရှိရပါတယ်” လို

ပြောကြားထားပါတယ်။

မနေ့က ဒီဇင်ဘာ ၈ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရက ဝန်ကြီးတချို့ကို အနည်းငယ် အပြောင်းအလဲ ပြုလုပ်ကာအစိုးရ ပြင်ဆင်ဖွဲ့ စည်းကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုမှာ NUG အစိုးရအဖွဲ့ဝင်တွေထဲက ဝန်ကြီးနဲ့ ဒုဝန်ကြီးတချို့တွေကို တာဝန်ယူထားတဲ့ အစိုးရဝန်ကြီးဌာန အပြောင်းအလဲ လုပ် ခန့်အပ်လိုက်ပါတယ်။

လက်ရှိ NUG အစိုးရမှာ ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတအဖြစ် ၊ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက်တည်ရှိနေပြီး ယာယီသမ္မတအဖြစ် ဒူဝါလရှီးလကတော့ ဆက်လက် တာဝန်ယူထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး