Homeပြည်တွင်းသတင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို မြန်မာတွေ တရားစွဲမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို မြန်မာတွေ တရားစွဲမည်

ဒီဇင်ဘာ ၂၀၂၅

အမေရိကန်နိုင်ငံရောက် မြန်မာတွေ အတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စတွေမှာ လိုက်ပါကူညီပေးနေတဲ့ USIRD အဖွဲ့က ထရမ့်အစိုးရကို တရားစွဲမယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်မှာ အဲဒီအဖွဲ့ က ထုတ်ပြန်အသိပေးလိုက်ပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန (USCIS)ကိုလည်း တရားစွဲဆိုဖို့ စတင်ဆောင်ရွက်နေပြီး၊ သက်ဆိုင်ရာအထက်လွှတ်တော်အမတ်တွေအပါအဝင် ဥပဒေပညာရှင်အဖွဲ့အစည်းတွေနဲ့ အကြံဉာဏ်ရယူ ပူး ပေါင်းဆောင်ရွက်နေပြီလို့ ဖော်ပြထားပါတယ်။

လတ်တလော ထရမ့်အစိုးရချမှတ်နေတဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေဟာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပ ဒေ၊ နိုင်ငံတကာလက်ခံကျင့်သုံးနေတဲ့ လူ့အခွင့်အရေး စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိတာကြောင့် အခုလိုတရားစွဲဆိုတာလို့ ဆိုပါတယ်။

ဒါအပြင် အမေရိကန် ထိပ်တန်းပါတီကြီးနှစ်ခုရဲ့ နိုင်ငံရေးအားပြိုင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဒီမူဝါဒတွေဟာ စစ်ဘေး၊ အာဏာရှင်ဘေးနဲ့ ဘဝရှင်သန်ရပ်တည်ရေးအတွက် အမေရိကန်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေရဲ့ တရားမျှတမှုနဲ့ လုံခြုံမှုကိုလည်း ပြင်းထန်စွာထိပါးနေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းမှာပဲ မြန်မာ နိုင်ငံသားတွေအတွက် ယာယီအကာ အကွယ်ပေးမှု (TPS) ကို ရုပ်သိမ်းလိုက်တာကြောင့် ထောင်ချီတဲ့ မြန်မာတွေ နေရပ်ပြန်ရနိုင်တဲ့ အခြေအနေစိုးရိမ်နေရသလို နိုင်ငံရေး ခိုလှုံခွင့်လျှောက်လွှာတွေကိုလည်း ယာယီရပ်ဆိုင်းထားပါတယ်။

အမေရိကန်အစိုရဟာ အခုရက်ပိုင်းမှာပဲ တင်သွင်းထားဆဲ နိုင်ငံရေးခိုလှုံခွင့် လျှောက်လွှာအားလုံးကို ပြန်လည် စိစစ်မှု ပြီးဆုံးချိန်ထိ ရပ်ဆိုင်းသွားမယ်ဆိုတဲ့ မူတစ်ရပ်ကို ချမှတ်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး