မန္တလေးမြို့ ၊ မဟာအောင်မြေမြို့နယ်ထဲ့မှာရှိတဲ့ ပေါက်ကျိုင်းလက်ဖက်ရည်ဆိုင် ဒီကနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
မန္တလေးမြို့ သိပ္ပံလမ်း ၅၈လမ်းနဲ့ ၄၃ လမ်းကြားမှာ ဖွင့်ထားတဲ့ ပေါက်ကျိုင်းလက်ဖက်ရည်ဟာ မီးလောင်ကျွမ်းပြီးတစ်ဆိုင်လုံးမီးလောင်သွားတာဖြစ်ပါတယ်။
“အဖျော်ခန်းက စလောင်တာလို့လည်းကြားတယ်။ ဘယ်ကစလောင်တယ်ဆိုတာ မီးသတ်တပ်ဖွဲ့မေးကြည့်မှသိမယ်။
တဆိုင်လုံးကုန်သွားတာ ဘေးအိမ်တွေတော့မကူးပါဘူး ၊ ငြိမ်းတာမြန်သွားလို့ပေါ့”လို့ မန္တလေးဒေသခံတဦးက ပြောပါတယ်။
အဲဒီ မီးလောင်ပြင်ကို မီးသတ်တပ်ဖွဲ့က
Level 1 အဆင်နဲ့သတ်မှတ်ပြီး မိနစ် ၂၀ ကြာ ငြိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


