Homeပြည်တွင်းသတင်းအမေရိကန်နိုင်ငံမှာ မြန်မာနိုင်ငံသားများအတွက် ယာယီနေထိုင်ခွင့်ကို ရပ်စဲတော့မယ်လို့ အမေရိကန် ကြေညာ

အမေရိကန်နိုင်ငံမှာ မြန်မာနိုင်ငံသားများအတွက် ယာယီနေထိုင်ခွင့်ကို ရပ်စဲတော့မယ်လို့ အမေရိကန် ကြေညာ

၂၅ နိုဝင်ဘာ ၂၀၂၅

အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများအတွက် ယာယီနေထိုင်ခွင့်(Temporary Protected Status – TPS )ကို ရပ်စဲတော့မယ်လို့နိုဝင်ဘာလ၂၄ရက်က အမေရိကန်ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဌာနမှ အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အသိပေးကြေညာချက်ထဲမှာ မြန်မာနိုင်ငံမှာ အုပ် ချုပ်ရေးပိုင်း တိုးတက်လာပြီး လွတ်လပ်တဲ့ရွေး ကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာတို့ အပစ်အခတ်ရပ်စဲရေး သလောတူညီချက်တွေ ရရှိနေတာတို့ အစရှိတာတွေကြောင့် ယာယီနေထိုင်ခွင့်( TPS )ကို ရပ်စဲတာဖြစ်တယ်လို့ ပါရှိပါတယ်။

ယာယီနေထိုင်ခွင့်( TPS )ကို ရပ်စဲတာဟာ လာမယ့်ရက်ပေါင်း(၆၀)အတွင်း စတင်အသက်ဝင်မှာ ဖြစ်ပြီးအမေရိကန်နိုင်ငံမှာ ယာယီနေထိုင်ခွင့်( TPS )နဲ့ နေ ထိုင်နေတဲ့ မြန်မာနိုင်ငံသား(၄၀၀၀)ကျော်ရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး