Homeပြည်တွင်းသတင်းKK Park ကို အကြမ်းဖက်စစ်တပ်က အယောင်ပြဖြိုခွင်းပြကာ အခြားနေရာ၂ခုမှာ ပြောင်းရွှေ့ပြီး ကျားဖြန့်လုပ်ဖို့ စီစဉ်နေတယ်လို့ NUG ပြောခွင့်ရဆို

KK Park ကို အကြမ်းဖက်စစ်တပ်က အယောင်ပြဖြိုခွင်းပြကာ အခြားနေရာ၂ခုမှာ ပြောင်းရွှေ့ပြီး ကျားဖြန့်လုပ်ဖို့ စီစဉ်နေတယ်လို့ NUG ပြောခွင့်ရဆို

၁၉ နိုဝင်ဘာ ၂၀၂၅

KK Park ကို အကြမ်းဖက်စစ်တပ်က အယောင်ပြဖြိုခွင်းပြကာ အခြားနေရာ၂ခုမှာ ပြောင်းရွှေ့ပြီး ကျားဖြန့်လုပ်ငန်း‌တွေလုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) ပြည် ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒီအတွက် NUG အနေနဲ့အထူးသတိထား စောင့်ကြည့်လျက်ရှိပါတယ်လို့လည်သူက ဆိုပါတယ်။

ဒီပြောဆိုချက်ဟာ ဒီကနေ့ နိုဝင်ဘာ ၁၉ ရက်မှာ ပြုလုပ်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ဦးနေဘုန်းလတ်က ပြောကြားခဲ့တာပါ။

“နိုင်ငံတကာက ဆိုက်ဘာလိမ်လည်မှုတွေကို နှိမ်နှင်းဖို့ကြိုးစားလာတာကြောင့် အကြမ်းဖက်စစ်တပ်ဟာ KK park လို ငွေကြေးလိမ်လည်မှုစင်တာကို အယောင်ပြဖြိုခွင်းပြခဲ့ပြီး ကရင်ပြည်နယ်ရဲ့ အခြားနေရာ ၂ နေရာကို ပြောင်းရွှေ့ကာ ငွေကြေးလိမ်လည်မှုစင်တာတွေကို ပြန်လည်လည်ပတ်နိုင်ဖို့ စီစဥ်နေတာတွေကိုလည်း ကျွန်တော်တို့ အမျိုးသားညီ ညွတ်ရေး အစိုးရအနေနဲ့အထူးသတိထား စောင့်ကြည့်လျက်ရှိပါတယ်။” လို့ ဦးနေဘုန်းလတ်က ပြောကြားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံက မြန်မာပြည်တွင်းနဲ့ ပြည်ပမှာရှိတဲ့ ငွေ

လိမ်ဂိုဏ်းခေါင်းဆောင်တွေကို ဖမ်းဆီးတရားစွဲဆိုဖို့လုပ်ဆောင်တာ၊ အမေရိကန်နိုင်ငံက United States Scam Center Strike Force ဖွဲ့စည်းပြီး ဆိုက်ဘာလိမ် လည်မှုလုပ်ငန်းတွေကို နှိမ်နှင်းဖို့ ဆောင် ရွက်တာ၊ ရာဇ၀တ်အဖွဲ့အစည်းတွေကို စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူတာ၊ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့အတွက် ဘဏ္ဍာရေးဌာနက ကြေညာခဲ့တာစတဲ့ လုပ်ဆောင်မှုတွေအပါအဝင် အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေ နဲ့ နိုင်ငံ တကာအဖွဲ့အစည်းတွေ အားလုံးရဲ့ ကြိုး ပမ်းလုပ်ဆောင်မှုတွေကို ကျေးဇူးတင် အသိအမှတ်ပြုကြောင်း NUGက ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာမှုတွေကို အခွင့်ကောင်းယူပြီး ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေက ငွေကြေးအခွင့်အလမ်းများစွာနဲ့ အ လုပ်အကိုင်အတုတွေ ခေါ်ယူနေမှုအပေါ် သတိပြုကြဖို့ ပြည်သူတွေ၊ အထူးသဖြင့် လူငယ်၊လူလတ်ပိုင်းတွေကိုလည်း သတိပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံက United States Scam Center Strike Force ဖွဲ့စည်းပြီး ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေကို နှိမ်နှင်းဖို့ ဆောင်ရွက်တဲ့ကိစ္စကို စစ်ကော် မရှင်ရဲ့ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဆိုသူတွေက အခြားနက်နဲတဲ့လျို့ဝှက်ရည်ရွည်ချက်တခုရှိနေနိုင်သေးတယ်လို့ စွပ်စွဲပြောဆိုထားပါသေးတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး