ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ မာယာ (MAYA)ဈေးဝယ်စင်တာရှေ့ လမ်းဆုံမီးပွိုင့်မှာ မနေ့ အောက်တိုဘာ ၁၂ ရက် ညသန်းခေါင်အချိန် နိုင်ငံခြားသားတဦး ကိုယ်တုံးလုံးချွတ်နဲ့ လျှောက်သွားနေလို့ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ရတယ်လို့ ချင်းမိုင်းသတင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီ နိုင်ငံခြားသားဟာ အသက် ၃၂ နှစ်အရွယ်ဖြစ်ပြီး မိသားစုနဲ့အတူ ခရီးထွက်လာသူတဦးဖြစ်ကာ တည်းခိုရာနေရာကနေမထွက်ခွာမီ အရက်အလွန်အကျွံသောက်သုံးခဲ့တယ်လို့ သိရပါတယ်။
သူဟာ စိတ်ကျန်းမာရေးပြဿနာကြောင့်
ဆေးသောက်ရန် ပျက်ကွက်ခဲ့သလို ဖမ်း ဆီးထားတဲ့အခြေအနေကိုလည်း ဆွေမျိုးတွေကို အကြောင်းကြားထားပြီး ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ထိုင်းနိုင်ငံအတွင်းမှာ ရုရှားနိုင် ငံသားတဦး ကားတစီးပေါ်မှာ အမျိုးသမီးတဦးနဲ့ ကိုယ်တုံးလုံးချွတ် မဖွယ်မရာ ပြုလုပ်ခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။
ဓာတ်ပုံ- CM 108


