Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်ရောက်နေ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်ရောက်နေ

၂၁ စက်တင်ဘာ ၂၀၂၅

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က စက်တင်ဘာ၂၀ ရက်နေ့မှာ ရန်ကုန်မြို့ကို ရောက်ရှိနေတယ်လို့ စစ်ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အဲဒီခရီးစဉ်မှာ မှော်ဘီမြို့နယ်မှာရှိတဲ့ စစ်တပ် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ခရီးစဥ်ကြောင့် မနေ့က မှော်ဘီမြို့နယ်နဲ့ ပြည်လမ်းမတလျှောက် လုံခြုံရေးအများအပြားချထားထားသည်ကိုတွေ့ရသလို မှော်ဘီမြို့နယ်၊ ကျေးရွာအချို့မှာ စစ်တပ်က ယာယီတပ်စွဲထားတာမျိုးတွေလုပ်ဆောင်ခဲ့တယ်လို့ Rangoon Scout Network ကအသိပေးထားပါတယ်။

သူရဲ့ခရီးစဉ်ရှိနေတာကြောင့် မနေ့က မနက်ပိုင်းမှာ ရန်ကုန်တိုင်းအတွင်း စစ်ကော်မရှင် လက်အောက်ခံ တပ်ဖွဲ့တွေ ကင်းပတ်တာ ခပ်စိတ်စိတ်တွေ့မြင်ရသလို့ စစ်ခေါင်းဆောင်ခရီးစဉ်မတိုင်မီ ၄ ရက်အလို စက်တင်ဘာ ၁၆ ရက်က ရန်ကုန်မြို့တော်ခန်းမှာရှေ့မှာ ဗုံးပေါက်ကွဲခဲ့ပါသေးတယ်။

ပုံစာ- ရန်ကုန်မြို့တွင် ကင်းလှည့်နေတဲ့ စစ်ကော်မရှင် ယာဉ်တန်း (ပုံအဟောင်း )

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး