Homeပြည်တွင်းသတင်းNUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း နဲ့ အမေရိကန် နိုင်ငံခြား‌ရေး ဝန်ကြီးဌာန ထိပ်တန်းအရာရှိတွေ့ဆုံပြီး မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း နဲ့ အမေရိကန် နိုင်ငံခြား‌ရေး ဝန်ကြီးဌာန ထိပ်တန်းအရာရှိတွေ့ဆုံပြီး မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

၂၃ ဇွန်၊ ၂၀၂၄

ဇွန်လ ၂၂ ရက်မှာ NUG လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက Principal Deputy Assistant Secretary Bureau Of Democracy, Human Rights, and Labor ဖြစ်သူ Mr. Robert S. Gilchrist နဲ့ တွေ့ဆုံပြီး မြန်မာပြည်သူတွေရဲ့ လက်ရှိလူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ပတ်သတ်ပြီး ဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာ ဝန်ကြီး ဦးအောင်မျိုးမင်းက လက်ရှိ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ နဲ့ ဆိုးဝါးလာတဲ့လေကြောင်းတိုက်ခိုက်ခံရမှုတွေ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ အရပ်သားပြည်သူတွေကို အကြမ်းဖက် စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်ခံရမှုတွေကို ရှင်းပြခဲ့ပါတယ်။

အမေရိကန် အစိုးရအနေနဲ့ အခုထက်ပိုပြီး စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆိုခဲ့ပြီး မြန်မာပြည်သူတွေကို တိုက်ရိုက်အကျိုးရှိနိုင်တဲ့ ကူညီမှုမျိုး ပေးနိုင်ဖို့လည်း ဝန်ကြီးက တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ ပတ်သတ်ပြီး ပိုမိုပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့တာ လက်နက်တင်ပို့မှု ပိတ်ဆို့တာတွေအပါအဝင် အပြင်းအထန် အရေးယူပေးဖို့ တောင်းဆိုလိုက်ပြီး လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ချိုးဖောက်ခံရတာကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ လူငယ်တွေကို တိုက်ရိုက်ကူညီမှုတွေ အမြန်ဆုံးလုပ်ဆောင်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဘက်က အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး အခုထက် ပိုပြီး အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ ကူညီမှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမယ့်အကြောင်း ကတိပေး ပြောကြားခဲ့တယ်လို့ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းရဲ့ လူမှုကွန်ယက်မှာ ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read