Homeပြည်တွင်းသတင်းစစ်ကော်မရှင်က ကျောင်းတက်နေတဲ့အချိန် အလယ်တန်းကျောင်းတကျောင်းကို ကာမီကာဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကော်မရှင်က ကျောင်းတက်နေတဲ့အချိန် အလယ်တန်းကျောင်းတကျောင်းကို ကာမီကာဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

စက်တင်ဘာ ၂၀၂၅

စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေဟာ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်းက ကျောင်းသားတွေ ကျောင်းတက်နေတဲ့ အလယ်တန်းကျောင်းတကျောင်းကို ဒီကနေ့ စက်တင်ဘာ ၃ ရက် မနက် ၉နာရီ မိနစ်၅၀ အချိန်မှာကာမီကာဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)အသိပေးထုတ်ပြန်လာပါတယ်။

တိုက်ခိုက်ခံရတဲ့ ကျောင်းဟာ ကရင်ပညာရေးနဲ့ယဉ်ကျေးမှုဌာန(KECD) လက်အောက်မှာရှိတဲ့ ကော်သူးလေကျောင်းအမှတ် ၇၀၈၂ နော်တခီးအခြေ ခံပညာအလယ်တန်းကျောင်းဖြစ်ပြီး၊ ဒါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရမှုအတွင်း စာသင်ကျောင်းကျောင်းရုံးခန်း ၁ လုံး၊ ဆရာမ ၁ ဦး၊ ဆရာ ၁ ဦး နဲ့ ကျောင်သားငယ် ၁ တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံစာ- စစ်ကော်မရှင်က နော်တခီးအခြေ ခံပညာအလယ်တန်းကျောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းရုံးခန်း ၁ လုံး ထိခိုက်ခဲ့တဲ့မှတ်တမ်းများ(KNU)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး