တပ်သားသစ်စုဆောင်းရေး မူဝါဒအရ အသက်မပြည့်သေးတဲ့သူတွေကို စစ်မှုမထမ်းခိုင်းဖို့ အမျိုးသားညီညွတ်ရေးအစိုး ရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့ သြဂုတ် ၂၉ရက်မှာ အသိပေး ထုတ်ပြန်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် မေ ၉ ရက်မှာထုတ်ပြန်တဲ့တပ်သား သစ်စုဆောင်းရေးမူဝါဒ ၁၀ ချက်မှာ အ သက် ၁၈ နှစ်ပြည့်ပြီးသူကိုသာ တပ်ဖွဲ့ဝင်အဖြစ်လက်ခံရမယ်လို့ သတ်မှတ်ဖော်ပြ ထားတာဖြစ်ပါတယ်။
ဒါကြောင့် တပ်သားသစ်ခေါ်ယူတဲ့ နေရာမှာ ချမှတ်ထားတဲ့ မူဝါဒအရ လိုက်နာဖို့လည်း NUG က ကြပ်မတ်နေပြီး ဖောက်ဖျက်ကျူးလွန်ရင် စစ်ဘက်ဆိုင်ရာ ဥပဒေ လုပ်ထုံး လုပ်နည်းတွေနဲ့ စစ်ဆေးအရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်
ပြထားပါတယ်။
အသက်မပြည့်သေးတဲ့ လူငယ်တွေNUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ် ရင်း၊တပ်ဖွဲ့တွေကို ဝင်ရောက်လာရင်လည်း မိဘတွေဆီ ပြန်အပ်နှံပြီး ဆွေး နွေးပညာပေးတာ၊ ပညာသင်ကြားနိုင်ဖို့ဆောင်ရွက်တာတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
ကလေးသူငယ်တွေ စစ်မှုထမ်းရတာတွေကိုကာကွယ်ဖို့အတွက် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာဥပဒေတွေ၊ ပြည်သူ့ ကာ ကွယ်ရေးတပ်မတော် စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လိုက်နာရ မယ့် လမ်းညွှန်ချက်နဲ့ထုတ်ပြန်ချက်တွေကို လိုက်နာတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ရင်း၊ တပ်ဖွဲ့တွေဖြစ်လာအောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ-NUG MOD


