Homeပြည်တွင်းသတင်းစာရေးဆရာ မင်းခိုက်စိုးစန် ကွယ်လွန်

စာရေးဆရာ မင်းခိုက်စိုးစန် ကွယ်လွန်

၂၀ ဇွန် ၂၀၂၆ | New Day Myanmar

နာမည်ကျော်စာရေးဆရာ၊ ဆရာဝန်၊ ဇာတ်ညွှန်းရေးဆရာနဲ့ ဒါရိုက်တာ မင်းခိုက်စိုးစန်ဟာ အသည်းကင်ဆာရောဂါနဲ့ အမေရိကန်နိုင်ငံရှိ နေအိမ်မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ဆရာမင်းခိုက်စိုးစန်ဟာ အမေရိကန် ပစိဖိတ်စံတော်ချိန် ဇွန်လ ၁၉ ရက် ည ၈ နာရီ ၇ မိနစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ဟာ မြန်မာစံတော်ချိန် ဇွန်လ ၂၀ ရက် မနက် ၉ နာရီ ၃၇ မိနစ် ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၅၃ နှစ်ရှိပြီဖြစ်ပါတယ်။

ဆရာမင်းခိုက်စိုးစန်ရဲ့ အမည်ရင်းက ကျော်စိုးဖြစ်ပြီး ၁၉၇၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့၌ မွေးဖွားခဲ့ပါတယ်။ သူဟာ ၁၉၈၈ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ဆေးတက္ကသိုလ် (၂) ကနေ ဆေးပညာဘွဲ့ရရှိခဲ့ပါတယ်။

ဆရာမင်းခိုက်စိုးစန်ဟာ မင်းခိုက်စိုးစန်အမည်အပြင် သတိုးတေဇနဲ့ ဇော်နိုင်ငံစိုး ကလောင်အမည်တွေကို အသုံးပြုခဲ့ပါတယ်။ သတိုးတေဇကလောင်အမည်နဲ့ စိတ်ကူးယဉ်နဲ့ သရဲဝတ္ထု ၄၀ ကျော်၊ ဇော်နိုင်ငံစိုးကလောင်အမည်နဲ့ စုံထောက်ဝတ္ထု ၂၀ ကျော် ရေးသားခဲ့ပါတယ်။

စာပေရေးသားမှုအပြင် ရုပ်ရှင်ဇာတ်ညွှန်းတွေ ရေးသားခဲ့ပြီး “Puzzle Palace” ရုပ်သံအစီအစဉ်ကို ၁၂ နှစ်ကြာ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပါတယ်။ “ပန်းနှစ်ပွင့်စီးချင်း” နဲ့ “Hospital Diary” ရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ “Gauche Stories” ဝတ္ထုတိုစုစည်းမှုနဲ့ အမျိုးသားစာပေဆု ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ အရှေ့တောင်အာရှစာရေးဆရာဆု S.E.A. Write Award ကို ရရှိခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most Read