ဖိလစ်ပိုင်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း ဝီဖာ ဟာအလွန်အားကောင်းတဲ့ မုန်တိုင်းအဖြစ်သို့ရောက်လာပြီး သက်ရောက်မှုအနေနဲ့ မြန်မာတနိုင်ငံလုံးမှာ မိုးများမှာဖြစ်တယ်လို့ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကသိရပါတယ်။
ဇူလိုင် ၂၂ ရက်မှာ ဗီယက်နမ်နိုင်ငံအရှေ့ဘက်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်တဲ့ အဲဒီကုန်းတွင်း မုန်တိုင်းရဲ့ အကြွင်းအကျန်တိမ်တိုက်တွေကြောင့် ဇူလိုင်လ ၂၃ရက်နဲ့ ၂၄၊၂၅ရက်နေ့တွေမှာ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့်တောင်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ မိုးများနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီလို မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာ၊ လျှပ်တစ်ပြက်ရေကြီးခြင်းနဲ့ မြေပြိုတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။


