ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့မှာကျရောက်ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့်မွေးနေ့မှာ မြင်းခြံအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ ကဗျာရွတ်ဆိုဂုဏ်ပြုတဲ့အတွက် ရိုက်နှက်ခံရတာ ခြေချင်း ခတ်တိုက်ပိတ်ခံရတာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် (PPNM)က ဒီကနေ့ ဇူလိုင် ၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
ယနေ့အချိန်အထိ တိုက်ပိတ်ခံထားရဆဲဖြစ်ကာ ရိုက်နှက်ခံထားကသည့် ဒဏ်ရာများကိုလည်း ဆေးကုသခွင့် မပေးသညိ့အပြင် ထောင်ဝင်စာတွေ့ခွင့်နဲ့ ပါဆယ်ပို့ဆောင်ခွင့်ကိုလည်း ကန့်သတ်ခံထားရတယ်လို့ သိရပါတယ်။
အဲဒီလို လူ့အခွင့်အရေးချိုးဖောက်နေကြတဲ့ မြင်းခြံထောင်ဝန်ထမ်းတွေကို လူ့အခွင့်အရေးပြန်လည်ရရှိချိန်မှာ တရားမျှတမှုတွေပြန်ရရှိအောင် ကြိုးစားလုပ် ဆောင်သွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင် ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ အသိပေးထုတ်ပြန်ထားပါတယ်။
အသက် ၈၀ ပြည့်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဆုတောင်းဗီဒီယိုကို လူမှုကွန် ရက်တွေကနေ ပေးပို့တာဟာ တစ်သိန်းကျော်ရရှိခဲ့ပြီး၊ ကမ်ပိန်းတစ်ခုထက်ပိုတဲ့ ကမ္ဘာက အသိအမှတ်ပြု လက်ခံမှုကို ရရှိခဲ့တာဖြစ်တာဖြစ်တယ်လို့ သားဖြစ်သူ ကိုထိန်လင်းက ပြောကြားထားပါတယ်။
ဓာတ်ပုံ- မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)


