စစ်တပ်က အာဏာသိမ်းယူချိန်ကစလို့ လက်ရှိအချိန်အထိ အကျဉ်းထောင်းအသီးသီးမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသား ၁၀,၈၃၅ ဦး အကျဉ်းကျခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ အသိပေးချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်အထိ ဖမ်းဆီးခံထားရသူ ၂၉,၂၇၇ဦး ရှိတဲ့အနက် ၂၂,၁၂၅ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၁၀,၈၃၅ ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရတာဖြစ်တယ်လို့ဆိုပါတယ်။
အလားတူကာလအတွင်းမှာဘဲ စစ်ကောင်စီရဲ့အကြမ်းဖက်မှုကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အပြစ်မဲ့ပြည်သူ သေဆုံးမှုဟာ ၆,၇၉၆ ဦး ရှိနေတယ်လို့ တဆက်တည်း အသိပေးထားပ့တယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၁၃ ရက်အထိ ငါးလကျော်ကာလအတွင်းမှာ အမျိုးသမီး /အမျိုးသား စုစုပေါင်း ၁၀၁ ဦး ထပ်မံဖမ်းဆီးခံထားရပြီး၊ အဲ့ဒီထဲကမှ ရန်ကုန်တိုင်းက ၃၄ ဦး၊ ဧရာဝတီတိုင်းက ၆ ဦး ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
ထိုနည်းတူဘဲ စစ်ကောင်စီလက်အောက်ခံတရားရုံး
တွေက မတရားစွတ်စွဲထားတဲ့ပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံထားရသူ အမျိုးသား/သမီး ၁၃၂ ဦး ရှိတဲ့အနက် သေဒဏ်ချမှတ်ခံရသူ ၂ ဦးနှင့် တစ်သက်တကျွန်းချမှတ်ခံရသူ ၉ ဦးအထိရှိနေတယ်လို့ AAPP က အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။