Homeပြည်တွင်းသတင်းအိန္ဒိယက လေယာဥ်ပျက်ကျမှုမှာ လေယာဥ်ပေါ်လိုက်လာသူ ၂၄၂ ဦးအနက် ၁ ဦးသာ အသက်ရှင်ခဲ့

အိန္ဒိယက လေယာဥ်ပျက်ကျမှုမှာ လေယာဥ်ပေါ်လိုက်လာသူ ၂၄၂ ဦးအနက် ၁ ဦးသာ အသက်ရှင်ခဲ့

၁၃ ဇွန်၊ ၂၀၂၅

အိန္ဒိယနိုင်ငံရဲ့ အာမာဒါဘက် လေဆိပ်ကနေ ဗြိတိန်နိုင်ငံရဲ့ လန်ဒန်မြို့ကို ထွက်ခွာလာတဲ့ ဘိုးရင်း 787 လေယာဥ် ပျက်ကျမှုဖြစ်စဥ်အတွင်း လေယာဥ်အမှုထမ်းတွေအပါအဝင် လေယာဥ်ပေါ်လိုက်လာသူ ၂၄၂ဦးအနက် အိန္ဒိယဖွား ဗြိတိန်နိုင်ငံသားတစ်ဦးသာ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဇွန်လ၁၂ရက်က ဖော်ပြထားပါတယ်။

အသက်ရှင်ကျန်ရစ်သူဟာ Vishwash Kumar Ramesh ဖြစ်ပြီးဇနီးနဲ့သားသမီးတစ်ယောက်ရှိကာ ဗြိတိန်နိုင်ငံကနေ အိန္ဒိယနိုင်ငံက အမျိုးတွေဆီ အလည်အပတ်လာရင်း ဗြိတိန်နိုင်ငံကို အပြင်မှာ အခုဖြစ်စဥ်ကြီးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတာလို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ Vishwash Kumar Rameshဟာ လေယာဥ်ပျက်ကျခဲ့တဲ့နေရာအနီးက ဆေးရုံတစ်ရုံမှာ ဆေးဝါးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ပျက်ကျခဲ့တဲ့ ဘိုးရင်း 787 လေယာဥ်ပေါ်မှာ လေယာဥ်အမှု ထမ်း ၁၂ဦးနဲ့ခရီးသည်၂၃၀ဦးလိုက်ပါလာခဲ့တာဖြစ်ပြီး ခရီး သည်တွေထဲမှာ အိန္ဒိယနိုင်ငံသား ၁၆၉ဦး၊ ယူကေနိုင်ငံသား ၅၃ဦး၊ ပေါ်တူဂီနိုငံသား ၇ဦးနဲ့ ကနေဒါနိုင်ငံ ၁ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read