Homeပြည်တွင်းသတင်းတောင်ကိုရီးယားလဝက ဖမ်းဆီးခံရသူ ၁၄ ဦးကို ပြန်လည်လွတ်မြောက်အောင် NUG ကိုယ်စားလှယ်ရုံးက ဥပဒေဘောင်ထဲက ဆောင်ရွက်

တောင်ကိုရီးယားလဝက ဖမ်းဆီးခံရသူ ၁၄ ဦးကို ပြန်လည်လွတ်မြောက်အောင် NUG ကိုယ်စားလှယ်ရုံးက ဥပဒေဘောင်ထဲက ဆောင်ရွက်

၂၃ ဒီဇင်ဘာ၊ ၂၀၂၄

ဗီဇာအခက်အခဲကြောင့် တောင်ကိုရီးယားလဝကရဲ့ ဖမ်းဆီးခံရသူတွေကို ပြန်လည်လွတ်မြောက်အောင် NUG ကိုယ်စားလှယ်ရုံးက ဥပဒေဘောင်ထဲက ဆောင်ရွက်ပေးနေပြီး ဒီဇင်ဘာလထဲမှာ ၁၄ ဦးကို ကူညီခဲ့တယ်လို့ ဒီဇင်ဘာ ၂၂ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလအတွင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဗီဇာမဲ့မြန်မာနိုင်ငံသား ၁၄ ဦးကို ပြန်လည်လွတ်မြောက်ဖို့ ဆောင်ရွက်ပေးထားပြီး ယာယီနေထိုင်ခွင့်(ပြည်ထွက်မိန့်) သက်တမ်းတိုးဖို့ ငြင်းပယ်ခံရတဲ့သူ တစ်ဦးကို ပြေလည်အောင် ဆောင်ရွက်ပေးထားတယ်လို့ ဆိုပါတယ်။

ဖမ်းခံထားရသူတွေအနက် G1-99 ဗီဇာယူထားပြီး စာချုပ်မချုပ်ဘဲ အလုပ်လုပ်တဲ့အတွက် ဖမ်းခံရသူ တစ်ဦးနဲ့ ယာယီနေထိုင်ခွင့်(ပြည်ထွက်မိန့်) ယူထားပြီး အလုပ်ခွင်အတွင်း အဖမ်းခံရသူသုံးဦးတို့က “ခွင့်ပြုချက်မဲ့အလုပ်လုပ်မှု”နဲ့ ဒဏ်ကြေး ဝမ်သိန်းနှစ်ဆယ်စီ ပေးဆောင်ထားရပါတယ်။

ဒါ့အပြင် ကလေးမွေးစာရင်းနဲ့ အိုင်ဒီကတ်လျှောက်ထားခြင်းကိစ္စ၊ နိုင်ငံသားအဖြစ်က စွန့်လွှတ်ခြင်းကိစ္စတို့ကို ဆောင်ရွက်ထားပါတယ်။ လဝက ဖမ်းဆီးခံရရင် ရဲမှုခင်း ပြစ်မှုကင်းရှင်းထားမှာ လွတ်မြောက်မှာ ဖြစ်ပြီး ပြစ်မှုတစုံတရာရှိခဲ့ရင် ပြန်လွတ်မှာ မဟုတ်ကြောင်းလည်း ပြောဆိုထားပါတယ်။

တော်လှန်ရေးမှာ ပါဝင်ထားတဲ့သူတွေအနေနဲ့ မိမိရဲ့ ထောက်ပို့မှတ်တမ်းတွေ၊ လှုပ်ရှားမှုမှတ်တမ်းတွေ၊ သက်ဆိုင်ရာ သတင်းမှတ်တမ်းတွေကို ကြိုတင်စုဆောင်း ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့လည်း တောင်ကိုရီးယားရှိ NUG ကိုယ်စားလှယ်ရုံးက သတိပေးထုတ်ပြန်ထားပါတယ်။

Photo – တောင်ကိုရီးယား အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံး စာမျက်နှာမှ

ဆက်စပ် သတင်းများ

Most read