Homeပြည်တွင်းသတင်းမန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံသောင်းချီ စစ်ဘေးက တိမ်းရှောင်နေရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံသောင်းချီ စစ်ဘေးက တိမ်းရှောင်နေရ

၁၈ နိုဝင်ဘာ၊ ၂၀၂၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ကော လက်နက်ကြီးများနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နိုဝင်ဘာလ ၁၇ မနက် ၃ နာရီဝန်းကျင်မှာ မတ္တရာမြို့နယ်အနောက်ခြမ်းက ဆောက်ခြုံပေါက်၊ ငယ်တိုး၊ သဖန်းဒေါင့်စတဲ့ မြစ်ရိုးကျေးရွာတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်မှာ နိုဝင်ဘာလ ၉ ရက်ထဲက စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးနေပြီး အနောက် မြောက် ခြမ်းမှာ စစ်ကြောင်း တစ်ကြောင်း၊ အနောက်တောင်ခြမ်းမှာ စစ်ကြောင်းတစ်ကြောင်းနဲ့ စစ်ကောင်စီက နှစ်ဘက်ပိတ်ကာ စစ်ကြောင်းထိုးခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းတလျှောက်လည်း ၁၂၀ မမ၊ ဟောင်ဝစ်ဇာတွေနဲ့ အရပ်သားဒေသခံတွေရဲ့ ရွာတွေကိုပါ ပစ်ခတ်ခဲ့ တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

နိုဝင်ဘာ ၁၇ ရက်မှာပဲ နံနက် ၉ နာရီမိနစ် ၂၀မှာ တစ်ကြိမ်၊ နံနက် ၁၁ နာရီဝန်းကျင်မှာ တစ်ကြိမ်၊ နေ့လယ် ၁ နာရီ မိနစ်၄၀ မှာတစ်ကြိမ် သုံးကြိမ်တိုင်တိုင် လေကြောင်းက လာရောက်တိုက်ခိုက်ပြီး ပြည်သူနှစ်ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Networkအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က ရေကြောင်းနဲ့လည်း တိုက်ခိုက်နေပြီး နိုဝင်ဘာလ ၁၇ မှာပဲ မန္တလေးဂေါဝိန်ဆိပ်က တိုက်ခိုက်ရေး သင်္ဘောနှစ်စီးထွက်လာပြီး ညနေပိုင်းမှ ပြန်ဆင်းတယ်လို့ သိရပါတယ်။

စစ်ကိုင်း၊ မင်းကွန်းဆိပ်ကမ်းတွေမှာလည်း စစ်သင်္ဘော ၂စီးက လက်နက်ကြီးတွေနဲ့ ခြေလျင်စစ်ကြောင်းတွေ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၈ရက် ဒီနေ့ မနက် ၇ နာရီ ၁၅ မိနစ်ဝန်းကျင်က မတ္ထရာမြို့နယ်၊ အနောက်ခြမ်းမြစ်ရိုး တစ်လျှောက် ကကျေးရွာတွေကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ပြီး မတ္တရာဘောလုံးကွင်းကနေ စစ်ကောင်စီတပ်တွေက ၁၂၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ Voice of Mandalay က ဆိုပါတယ်။

မတ္တရာမြို့နယ်က ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေနဲ့ အကာအကွယ်ရှိတဲ့နေရာတွေမှာ နေထိုင်ကြဖို့နဲ့ လေ ယာဥ်ပျံသန်းဝဲနေရင် အကာအကွယ်ရှိတဲ့နေရာတွေမှာ နေပေးကြဖို့ ၊ တနေရာက တနေရာကို ကူးသန်း ပြေးလွှားတာတွေမလုပ်ကြဖို့ ကာကွယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

Photo – Wetlet Information Network

ဆက်စပ် သတင်းများ

Most read