Homeနိုင်ငံတကာသတင်းအမေရိကန် အနောက်ပိုင်းပြည်နယ်တချို့က သမ္မတ ရွေးကောက်ပွဲ ကြိုတင်မဲပုံးတချို့ ဖျက်ဆီးခံရ

အမေရိကန် အနောက်ပိုင်းပြည်နယ်တချို့က သမ္မတ ရွေးကောက်ပွဲ ကြိုတင်မဲပုံးတချို့ ဖျက်ဆီးခံရ

၃ နိုဝင်ဘာ၊ ၂၀၂၄

လာမယ့် နိုဝင်ဘာလ ၅ ရက်မှာ ကျင်းပမယ့် အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲအတွက် အမေရိကန်ပြည်နယ်တချို့က ကြိုတင်မဲပုံးတွေ မီးရှို့ ဖျက်ဆီးခံရကြောင်း သတင်းဌာနတွေက ဖော်ပြမှုအရ သိရပါတယ်။

အမေရိကန်အရှေ့ပိုင်း ပြည်နယ်တချို့မှာ ရေဘေးဒဏ်ကြောင့် မဲဆန္ဒရှင်တွေ မဲပေးဖို့ အခက်အခဲနေချိန်မှာ နိုင်ငံအနောက်ပိုင်းက ဝါရှင်တန် ပြည်နယ်နဲ့ အိုရီဂွန်ပြည်နယ်က ကြိုတင်မဲပုံးတွေ ဖျက်ဆီးခံနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က ဝါရှင်တန်ပြည်နယ်နဲ့ အိုရီဂွန် ပြည်နယ်တို့က ကြိုတင်မဲပုံးတွေ မီးရှို့ခံလိုက်ရတာကြောင့် မီးရှို့တဲ့တရားခံကို ဖမ်းနိုင်ဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ကြိုတင်မဲပုံးတွေ မီးရှို့ခံရပြီး ရာနဲ့ချီတဲ့ ကြိုတင်မဲတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။ တချို့ မဲဆန္ဒရှင်တွေက မဲပြန်ပေးမယ်လို့ ပြောကြပေမယ့် ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြပါတယ်။

ဟာရီကိန်းမုန်တိုင်း Helene ကြောင့် ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့တဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာလည်း ရေဘေးသင့် ပြည်သူတွေဟာ သူတို့ရဲ့ နိုင်ငံသားဖြစ်ကြောင်း မှတ်ပုံတင် သက်သေအထောက်အထားတွေ ပျက်စီးဆုံးရှုံးသွားတဲ့အတွက် မဲပေးဖို့ ခက်ခဲနေကြပါတယ်။ ထောင်နဲ့ချီတဲ့ ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး မဲရုံတွေကို ပြောင်းရွေ့တာ၊ ပိတ်တာတွေ ရှိတဲ့အတွက် ဆန္ဒမဲကို စောစောကြိုပေးဖို့ သက်ဆိုင်ရာက တိုက်တွန်းထားပါတယ်။

ဒီနှစ် ရွေးကောက်ပွဲဟာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းနဲ့ ရီပတ်ဘလစ်ကန်ပါတီ သမ္မလောင်းအကြား အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့်၊ ပွတ်ကာသီကာ အဆုံးအဖြတ်ပေးနိုင်တဲ့ ရွေးကောက်ပွဲဖြစ်လာမယ်လို့ ခန့်မှန်းထားကြတာကြောင့် မဲမပေးနိုင်တဲ့အတွက် မိမိထောက်ခံတဲ့ ကိုယ်စားလှယ် ကပ်ပြီး ရှုံးသွားမှာကို မဲဆန္ဒရှင်တွေ စိုးရိမ်နေပါတယ်။

Photo – ရိုက်တာ

ဆက်စပ် သတင်းများ

Most read