Homeပြည်တွင်းသတင်း၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေအတွင်း အသက်ပေးလှူခဲ့သူတွေအတွက်ရည်စူးပြီး PSLF/TNLA မှ အလှူဒါနပြုလုပ်

၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေအတွင်း အသက်ပေးလှူခဲ့သူတွေအတွက်ရည်စူးပြီး PSLF/TNLA မှ အလှူဒါနပြုလုပ်

၂၈ အောက်တိုဘာ၊ ၂၀၂၄

၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေအတွင်း အာဏာရှင်စစ်ကောင်စီတပ်အား တော်လှန်ရင်း အသက်ပေးလှူသွား ခဲ့ကြတဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် TNLA တပ်မတော်သားတွေနဲ့ ပူပေါင်းတပ်တွေကိုရည်စူးပြီး အောက်တိုဘာလ (၂၇)ရက်က PSLF/TNLA မှ အလှူဒါနပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

၎င်းတိုဟာ တအာင်းပြည်လွတ်မြောက်ရေး၊ မြန်မာနိုင်ငံပြည်တွင်းရှိ တိုင်းရင်းသားပြည်သူလူထုများအား ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့ အာဏာရှင်စစ်ကောင်စီတပ် အမြစ်ပြတ်ချေမှုန်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အာဏာရှင်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း အသက် ပေးလှူခဲ့ကြရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲဖြစ်တဲ့ PSLF/TNLA၊ MNTJP/MNDAA နဲ့ ULA/AA တို ဦးဆောင်စတင်ခဲ့ တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ ( ၁၀၂၇ စစ်ဆင်ရေး) မှာ အောက်တိုဘာလ ၂၇ ရက်တွင် တစ်နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးဟာ မြောက်ပိုင်းညီ‌နောင်မဟာမိတ် (၃)ဖွဲ့နဲ့ အတူ နွေတော်လှန်‌ရေးတပ်ဖွဲ့တွေ တော်လှန် ရေးအင်အားစုတွ ပူပေါင်းပါ၀င်ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ဆင်ရေးတစ်နှစ်တာအတွင်း ကိုယ်ကျိုးမငှဲ အာဏာရှင်စစ်အုပ်စုကို တိုက်ပွဲဝင်တော်လှန်တိုက်ခိုက်ပြီး အသက်၊ သွေး၊ ချွေးနဲ့ ကိုယ်လက်အင်္ဂါ ပေးလှူသွားခဲ့ကြတဲ့ PSLF/TNLA တပ်မတော်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲဝင်တွေကို မိမိတို့ PSLF/TNLA တပ်နဲ့ မိဘပြည်သူလူထုတွေက အစဥ်အောက် မေ့ဂုဏ်ယူကာသမိုင်းမှတ်တမ်းတင်အပ်ပါတယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။

ပုံစာ – ၁၀၂၇ စစ်ဆင်ရေးတစ်နှစ်ပြည့် PSLF/TNLA တပ်မှ အလှူပြုလုပ်နေပုံ။

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read