Homeနိုင်ငံတကာသတင်းအိန္ဒိယနိုင်ငံ နယူးဒေလီမှာ အပူချိန် စံချိန်တင် မြင့်တက်လာ

အိန္ဒိယနိုင်ငံ နယူးဒေလီမှာ အပူချိန် စံချိန်တင် မြင့်တက်လာ

အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာ အပူချိန် စံချိန်တင် မြင့်တက်လာပြီး အပူချိန်ဟာ မေလ၂၉ရက်က ၅၂.၉ ဒီဂရီစင်တီဂရိတ်အထိရှိတယ်လို့ နိုင်ငံတကာသတင်းတစ်ရပ်မှာ ဖော်ပြပါရှိပါတယ်။

အစိုးရကလည်း အပူချိန်နဲ့ပတ်သက်ပြီး အနီရောင်အဆင့်သတ်မှတ်ပြီး ပြည်သူလူထုကို အသက်အရွယ်တိုင်းမှာ အပူကြောင့် ဖျားတာနဲ့အပူလျှပ်တဲ့ ဝေဒနာများကို ကြုံတွေ့ခံစားရနိုင်ဖွယ်ရှိကြောင်း၊ခံနိုင်ရည်အားနည်းတဲ့ သက်ကြီးရွယ်အိုများကို အထူးဂရုစိုက် စောင့်ရှောက်ပေးရန် လိုအပ်ကြောင်းတို့ကိုသတိပေး ချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းနဲ့အလယ်ပိုင်းမှာအမေ ၃၀ ရက်ကစပြီး တဖြည်းဖြည်း အပူချိန်လျော့ ကျလာနိုင်ဖွယ်ရှိတယ်လို့ အိန္ဒိယမိုးလေဝသကျွမ်း ကျင်ပညာရှင်များက ခန့်မှန်းထားပါတယ်

ဆက်စပ် သတင်းများ

Most read