Homeဆောင်းပါးAI ကတစ်ဆင့် ခြေတစ်လှမ်းတိုးလာတဲ့ ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေး

AI ကတစ်ဆင့် ခြေတစ်လှမ်းတိုးလာတဲ့ ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေး

ဒီနေ့ထိုင်းနိုင်ငံကတော့ အရင်က ဖေ့စ်ဘွတ်လို့ ခေါ်တဲ့ ကုမ္ပဏီ အခု မက်တာ(Meta)လူမှုကွန်ရက်ကုမ္ပဏီကြီးရဲ့ ဉာဏ်ရည်တု (AI) ကို အပြည့်အဝအသုံးချပြီး ထိုင်းစီးပွားရေးလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ ခပ်မြန်မြန်နဲ့ ဖွံ့ဖြိုးတိုးတက်လာဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အားသွန်ခွန်စိုက် လုပ်ကိုင်နေကြတာ တွေ့မြင်နေ့ကြရပြီ ဖြစ်ပါတယ်။

Meta Thailand ရဲ့ ဒေသဆိုင်ရာ ဒါရိုက်တာ ပရေ့ ဒရင်းမာကော်ကို ရဲ့ အဆိုအရ မက်တာ( Meta) ရဲ့ ပလပ်ဖောင်းပေါ်မှာ လစဉ်လစဉ်ကမ္ဘာအရပ်ရပ်က လူပေါင်း ၃ဒသမ ၈၈ ဘီလီယံကျော် ဝင်ရောက် အသုံးပြုနေကြပြီးဖြစ်သလို အဲ့ဒီအထဲကမှ ၆၅သန်းသော အသုံးပြုသူတွေဟာ ထိုင်းနိုင်ငံထဲက လာတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖေ့စ်ဘွတ်၊အင်စတာဂရမ်၊ မက်ဆင်ဂျာ စတဲ့ ပလက်ဖေါင်းတွေက တစ်ဆင့် ကမ္ဘာအနှံ့က စီးပွားရေးလုပ်ငန်းပေါင်း သန်း ၂၀၀ ဟာ မောင်းနှင်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။ ဒီနှစ်အတွက် ထိုင်းနိုင်ငံမှာ မက်တာ ရဲ့ ဦးတည်ချက်ဟာ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းတွေကို တွန်းအားပေးတဲ့အဓိကဗျူဟာသုံးရပ်ကို အဓိက လုပ်ကိုင်နေတာ တွေ့ရပါတယ်။

၁။ စာနဲ့ရေးတဲ့ ကွန်တန့်(Text Contants) နဲ့ ဗီဒီယိုအတို စတာတွေ သုံးပြီး လုပ်ကိုင်ခြင်း။

၂။ ဝန်ဆောင်မှု လုပ်ငန်းတွေအတွက် Artificial Intelligence (AI) နည်းပညာရဲ့ အခန်းကဏ္ဍကို တိုးမြင့်လာစေခြင်း။

၃။ ခေတ်ရေစီးကြောင်းနဲ့အညီ လုပ်ငန်းနဲ့ ဆိုင်တဲ့ စာတိုတွေပေးပို့ခြင်းကနေတစ်ဆင့် လုပ်ငန်းအမှတ်တံဆိပ် (Brand) ကို ရင်းနှီးသွားအောင် လုပ်ကိုင်တာ အပါအဝင် တစ်ယောက်ချင်းစီတိုင်းရဲ့ လိုအပ်ချက်ကို အနီးစပ်ဆုံး အမြန်ဆုံး တုန့်ပြန့်ပေးနိုင်ဖို့ကြိုပမ်းခြင်း စတဲ့ အစီအစဥ်တွေ အတိုင်း အကောင်ထည်ဖော်နေတာပါ။

Meta’s Culture Rising ပရိုဂရမ်ရဲ့ သုတေသနပြုချက်အရ ဖေ့ဘွတ် နဲ့ အင်စတာဂရမ်တွေမှာ AI နည်းပညာ နဲ့ဆိုင်တဲ့ အပြန်အလှန်ဆွေးတဲ့ ကိစ္စတွေက အရင်နှစ်နဲ့ နှိုင်းယှဉ်လိုက်ရင် ဒီနှစ် ၂၀၂၃မှာ ၁၇၃ရာခိုင်နူန်းအထိ တိုးပွားလာတယ်လို့ ဖော်ပြထားပါတယ်။ အနာဂတ်မှာလည်း Metaverseရဲ့ အခြေခံအုတ်မြစ်ဖြစ်လာမယ့် AR မှာ အက်ပ်ပေါင်း ၅၀၀ ကျော်ကို အခုနှစ် ၂၀၂၃မှာ ထပ်တိုးဖို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။ အခုဆို အင်စတာဂရမ်ရဲ့ အက်ပ် အသစ်တစ်ခုဖြစ်တဲ့ ဗီဒီယို ကလစ်တွေ လုပ်နိုင်တဲ့ Reels ဆိုတဲ့ ပလက်ဖောင်း ဟာ ခုန်ပျံကျော်လွှား ကြီးထွားလာပြီး သုံးစွဲသူတွေကြား ရေပန်းစားပြီးကျယ်ကျယ်ပြန့်ပြန့် သုံးလာတာ တွေ့ရမှာဖြစ်ပါတယ်။

စစ်တမ်းတွေ အရ ဆိုရင်လည်း အာရှ-ပစိဖိတ်ဒေသနဲ့ ထိုင်းနိုင်ငံတို့မှာ တိုးတက်မှု အမြန်ဆုံး အွန်လိုင်း ပလက်ဖောင်း တစ်ခု ဖြစ်နေပြီလို့ ဆိုပါတယ်။ မက်တာရဲ့ ဒုတိယသုံးလပတ်အစီရင်ခံစာမှာ ဆိုရင်လည်း Reels ကို နေ့စဥ်ကြည့်ရှုမှုနှုန်းဟာ တစ်ရက်ကို ၂၀၀ ဘီလီယံအထိ တိုးလာတဲ့ကြောင်း ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံက လူတွေဟာ သူတို့အချိန်တွေရဲ့ ၅၀ရာခိုင်နူန်းကျော်ကို မက်တာရဲ့ ပလက်ဖောင်းတွေထဲကတစ်ခုခုကို သုံးစွဲလေ့ရှိတယ်လို့လည်း စစ်တမ်းမှာ ဖော်ပြပါတယ်။

လက်တွေ့မှာလည်း မက်တာရဲ့ ကြော်ငြာရှင် ၇၅ရာခိုင်နူန်းဟာ Reels ကနေမှတစ်ဆင့် ကြော်ငြာနေကြပြီး Reels ရဲ့ ကမ္ဘာလုံးဆိုင်ရာ ၀င်ငွေကအမေရိကန်ဒေါ်လာ၁၀ ဘီလီယံကျော်ရှိနေပြီး ၂၀၂၂ခုနှစ်ကထက် ၃ဘီလီယံ တိုးလာတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ စစ်တမ်းတွေအရ ထိုင်းလူမျိုး ၇၆ရာခိုင်နူန်းကျော်ဟာ လူမှုရေးနဲ့ စီပွားရေ အကြောင်းအရာတွေကို မက်ဆေ့ချ်ကနေတစ်ဆင့် အသုံးပြု ဆက်သွယ်လာကြတယ်လို့ဆိုပါတယ်။

Boston Consulting Group (BCG) နဲ့ မက်တာ တို့ရဲ့ ၂၀၂၃ခုနှစ် နှစ်လယ် အချက်အလက်တွေမှာလည်း ထိုင်းလူ မျိုး ၇၈ရာခိုင်နူန်းက တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် စီးပွားရေးလုပ်ငန်းနဲ့ဆိုင်တဲ့ မက်ဆေ့ချ်တွေ ဖလှယ် နေကြတယ်လို့ ဖော်ပြပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာလည်း လူ တစ် ဘီလီယံကျော်ဟာ မက်တာ ရဲ့ အက်ပ် တစ်ခုခုနဲ့ စာတိုမက်ဆေ့ချ်တွေကို အပတ်တိုင်း လုပ်ငန်းအမျိုးမျိုးအတွက် အပြန်အလှန်ပို့ကာ ချိတ်ဆက်နေကြတယ်လို့ ဆိုပါတယ်။

အခု ဖော်ပြပေးထားတာတွေက အွန်လိုင်း ပလက်ဖောင်းတွေသုံးပြီး စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေးစတဲ့ နစ္စဒူဝ ကိစ္စတွေကို ဖြတ်သန်းနေကြတဲ့ ကမ္ဘာကြီးပေါ်က လူသားတွေ ဆီကနေ စုဆောင်းရှာဖွေထားတဲ့ အချက်အလက် ကိန်းဂဏန်တွေ ဖြစ်ပါတယ်။ ဒီ ရေစီးကြောင်းထဲမှာ ထိုင်းနိုင်ငံနဲ့ထိုင်းလူမျိုးတွေ ဘယ်လောက်အထိ စီးမျှောနေကြပြီလည်း ဆိုတာကိုလည်း တစ်ဘက်တစ်လမ်းက ကောက်နုတ်ပြတဲ့ မှတ်တမ်း တစ်ခုပါ။ ဒီမှတ်တမ်းတွေထဲကနေ ထုတ်နုတ် ကြည့်နိုင်တာကတော့ ထိုင်းနိုင်ငံဟာ အွန်လိုင်ပလက်ဖောင်းတွေကို နက်နက်ရှိုင်းရှိုင်း ဝင်အသုံးချပြီး အသီးအပွင့်ကို စားသုံးနေကြတာ တွေ့ရမှာပါ။

ဒီနေ့ ကမ္ဘာဆီကို ခြေလှမ်းပြင်လာတဲ့ AI အတွက်လည်း သူတို့ ကျကျနနကို ပြင်ဆင်နေကြတာကို တွေ့နေရပါတယ်။ ကိုယ့်တိုင်းကိုယ့်ပြည်မှာရော ဘာတွေ ပြင်ဆင်နေပါပြီလည်း၊ အွန်လိုင်းကနေ့ LIFESTREAM နဲ့ ဈေးရောင်းတဲ့ အသိုက်ထဲကနေ အပြင်ကို တစ်ချက်လောက် ဖြစ်ဖြစ် လှမ်းကြည့်ကြပါဦး လို့ ဆန္ဒတစ်ခု ပြုပါရစေ။

ဆက်စပ် သတင်းများ

Most read