Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ လွိုင်ကော်ခရီးစဉ်မှာ KNDF ပစ်ခတ်တိုက်ခိုက်

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ လွိုင်ကော်ခရီးစဉ်မှာ KNDF ပစ်ခတ်တိုက်ခိုက်

၅ စက်တင်ဘာ၊ ၂၀၂၄

စက်တင်ဘာလ ၄ ရက် ညနေ ၄ နာရီခွဲ ဝန်းကျင်က ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကို စစ်ခေါင်း ဆောင်မင်းအောင်လှိုင် ရောက်ရှိနေတုန်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ၁၂၀ မမ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မင်းအောင်လှိုင်ဟာ ဒကစနဲ့ ပြည်နယ်ခန်းမမှာ တွေ့ဆုံပွဲ နှစ်ခုလုပ်ခဲ့ပြီး တွေ့ဆုံပွဲ အပြန်ခရီးမှာ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ စစ်ခေါင်းဆောင်က ထိခိုက်ဒဏ်ရာရတာမျိုးမရှိပေမဲ့ စစ်ကောင်စီဘက်ကတော့ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ခေါင်းဆောင်က တွေ့ဆုံမှုနှစ်ခုလုံးမှာ ကယား(ကရင်နီ)ပြည်နယ်ကို အမြန်ဆုံး ပြန်လည်ရရှိအောင်ဆောင်ရွက်ဖို့ နဲ့ သန်းခေါင်စာရင်းတွေ ကောက်ယူဖို့ ပြောဆိုသွားပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်အများစုက နေရပ်ကို ပြန်မလာနိုင်သေးဘဲ ရှိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေမှာတော့ အာဏာသိမ်း ခေါင်းဆောင် လွိုင်ကော်ရောက်ရှိနေတုန်း ညနေ ၃ နာရီ ၃၀ မိနစ်ခန့်မှာ တိုက်ခိုက်ခံရတယ်လို့ ရေးသားဖော်ပြနေကြပြီး KNDF ဒုတိယ စစ်ဦးစီးချုပ်မာဝီကလည်း စစ်ခေါင်းဆောင်ကိုပစ်ခတ်တိုက်ခိုက်ခဲ့တာ မှန်ကန်ကြောင်း အတည်ပြု ပြောဆိုထားပါတယ်။

စစ်ခေါင်းဆောင်တိုက်ခိုက်ခံရပြီးနောက် ညနေ ၅ နာရီဝန်းကျင်မှာ လွိုင်ကော်မြို့ အနောက်ဘက်က ဘုရားဖြူကျေးရွာကို စစ်တပ်က လေကြောင်းနဲ့ လာရောက် ဗုံးကြဲခဲ့တယ်လို့ သိရပြီး ထိခိုက်ပျက်စီး မှုအခြေအနေတွေကို မသိရသေးပါဘူး။

မင်းအောင်လှိုင်ဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့က လေကြောင်းနဲ့ ကရင်နီပြည် လွိုင်ကော်မြို့ ကို ရောက်ရှိလာပြီး ကားနဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်ဒေသကို ဆက်ပြီးသွားရောက်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ကရင်နီဒေသမှာ တော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့ လွိုင်ကော်မြို့ကို သိမ်းပိုက်နိုင်ခြင်းမရှိသေးပေမဲ့ ကရင်နီပြည်နယ် အတွင်းက မိုးဗြဲ၊နန်းမယ်ခုံ၊ဒီးမော့ဆို၊ရှားတော၊ရွာသစ်၊မော်ချီး နဲ့ မယ်စဲ့မြို့တွေကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်တိုက်ခိုက်ခံရပြီးနောက် လွိုင်ကော်မြို့ အနောက်ဘက်က ဘုရားဖြူကျေးရွာကို လေကြောင်းက လာရောက် ဗုံးကြဲခဲ့တယ်လို့ သိရပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးပါဘူး။

ပုံစာ – (စစ်ခေါင်းဆောင် ဒကစကို လာရောက်စဉ်နဲ့ KNDF တပ်ဖွဲ့ဝင်များ)

Photo – စစ်ကောင်စီ ၊ KNDF

ဆက်စပ် သတင်းများ

Most read