Homeပြည်တွင်းသတင်းမြောက်ပိုင်းညီနောင်အဖွဲ့တွေကို အကြမ်းဖက်အုပ်စုတွေအဖြစ် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက် ဖျက်ရေးဗဟိုအဖွဲ့ကြေညာ

မြောက်ပိုင်းညီနောင်အဖွဲ့တွေကို အကြမ်းဖက်အုပ်စုတွေအဖြစ် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက် ဖျက်ရေးဗဟိုအဖွဲ့ကြေညာ

၃ စက်တင်ဘာ၊ ၂၀၂၄

MNDAA၊ TNLA နဲ့ AA တို့ ကို အကြမ်းဖက်အုပ်စုတွေအဖြစ် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက် ဖျက်ရေးဗဟိုအဖွဲ့က စက်တင်ဘာလ ၂ ရက်မှာ ထုတ်ပြန်ကြေညာသွားပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၇၂ ၊ ပုဒ်မခွဲ (ခ) ပါလုပ်ပိုင်ခွင့်အရ ကြေညာခြင်းဖြစ်တယ်လို့ ထည့်သွင်းဖော်ပြသွားပါတယ်။

ဒီအဖွဲ့တွေဟာ အများပြည်သူရဲ့လုံခြုံရေးနဲ့ အသက်အိုးအိမ်စည်းစိမ်၊ အများပြည်သူ ဒါမှမဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးတဲ့ အခြေခံအဆောက်အအုံ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပျက်စီးဆုံးရှုံးစေခဲ့တယ်လို့ အကြမ်းဖက် စစ်ကောင်စီက ဆိုပါတယ်။

ဒါ့အပြင် လမ်း၊ တံတားတွေကို မိုင်းထောင်ဖောက်ခွဲတာ၊ လူနေထူထပ်တဲ့မြို့ရွာတွေကို အဝေးက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ ၊ Drop Bomb ချပြီး တိုက်ခိုက်တာ ၊ အပြစ်မဲ့ပြည်သူတွေ ကို သတ်ဖြတ်တာ၊ တပ်သားသစ် အတင်းအဓမ္မစုဆောင်းတာ စတဲ့အကြမ်းဖက်လုပ်ရပ်တွေကို MNDAA ၊ TNLA နဲ့ AA တို့က လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီဘက်က ကြေညာချက်မှာ ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်က ၃၀ ရက်အထိ ရက်ပေါင်း ၃၀အတွင်းမှာ စစ်ကောင်စီလက်ချက် ကြောင့် သေဆုံးရသူ ၈၈ ဦးရှိပါတယ်။

အမျိုးသမီး ၃၅ ဦး၊ အမျိုးသား ၅၃ ဦး ပါဝင်ပြီး သေဆုံးသူ တွေထဲ အသက် ၁၈ နှစ်အောက် ကလေး ၁၂ ဦး နဲ့ အသက် ၆၀ အထက် သက်ကြီးပြည်သူ ၁၅ ဦး ပါဝင်ပါတယ်။ သေဆုံးသူတွေအနက် ၄၅ ဦးက စစ်ကောင်စီဘက်က အရပ်သားပစ်မှတ်ထားပြီး ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ပုံစာ- (မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များ)
Photo – MOI

ဆက်စပ် သတင်းများ

Most read