Homeပြည်တွင်းသတင်းရိုဟင်ဂျာတွေပေါ်ရက်စက်မှုအတွက် ပြစ်ဒဏ်လွတ်ကင်းလွတ်နေတာတွေ အဆုံးသတ်ရမယ်လို့ IIMM ဆိုလာ

ရိုဟင်ဂျာတွေပေါ်ရက်စက်မှုအတွက် ပြစ်ဒဏ်လွတ်ကင်းလွတ်နေတာတွေ အဆုံးသတ်ရမယ်လို့ IIMM ဆိုလာ

၂၃ ဩဂုတ်၊၂၀၂၄

ရခိုင်ပြည်နယ်အတွင်းမှာ လွန်ခဲ့တဲ့ခုနစ်နှစ်က ရိုဟင်ဂျာတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်ခဲ့သူတွေ ခုထိ ပြစ်ဒဏ်ကကင်းလွတ်နေပေမဲ့ ဒါတွေ ကျိုးကျေပျက်ပြားရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ် ဆေးမှု ယန္တရား IIMM အကြီးအကဲ နီကိုလပ်စ် ကုမ်ဂျန် က ပြောဆိုလိုက်ပါတယ်။

ကျူးလွန်တဲ့လူတွေဟာ ပြစ်ဒဏ်က ကင်းလွတ်နေတဲ့အတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေကို မမှုဘဲ အတင့်ရဲရဲ နဲ့ ဆက်လက်အကြမ်းဖက်နေကြောင်းနဲ့ သူတို့ကျူးလွန်တဲ့ ပြစ်မှုကို အပြစ်မပေးနိုင်ရင် အကြမ်းဖက်မှုတွေကို ပိုအားပေးရာရောက်တဲ့အတွက် ကျူးလွန်သူတွေ ပြစ်ဒဏ်က ကင်းလွတ်နေတဲ့ သံသရာ ပျက်ပြားဖို့ လိုအပ် တယ်လို့ ဩဂုတ်လ ၂၂ ရက်နေ့က ကြေညာချက်မှာ ဆိုပါတယ်။

ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရတာ ဒီသီတင်းပတ်အတွင်း ခုနစ်နှစ်ပြည့် တော့မှာ ဖြစ်ပေမဲ့ ဒါမျိုးတွေ ဆက်လက် ကျူးလွန်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီအတွက်လည်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး၊ အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့ အာဂျင်တီးနားနိုင်ငံရှိ ရိုဟင်ဂျာဆိုင်ရာအမှုတွေ ကိုင်တွယ်နေတဲ့ တရားရေး အာဏာပိုင်တွေဆီ အထောက်အထားတွေ၊ စိစစ်သုံးသပ် ချက်တွေ ရောက်ရှိနေပြီလို့ ပြောပါတယ်။

ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်ကျူးလွန်တဲ့ တာဝန်အရှိဆုံးသူတွေထဲ အမိန့်ပေးစေခိုင်းသူတွေ၊ တပ်မှူးတွေအပြင် သွေးထိုးလှုံ့ဆော် အမုန်းစကားဖြန့်သူတွေကို ဖော်ထုတ်နေပြီး ပြစ်မှုကျူးလွန်တဲ့ သူတွေဟာ သူတို့လုပ်ရပ် အတွက် ပြစ်ဒဏ်ပေးခံရမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

Photo – UN

ဆက်စပ် သတင်းများ

Most read