Homeနိုင်ငံတကာသတင်းဒီမိုကရေစီကို ကာကွယ်ဖို့ ရွေးကောက်ပွဲ ဝင်မပြိုင်တော့တာဖြစ်တယ်လို့ သမ္မတ ဘိုင်ဒန် ပြော

ဒီမိုကရေစီကို ကာကွယ်ဖို့ ရွေးကောက်ပွဲ ဝင်မပြိုင်တော့တာဖြစ်တယ်လို့ သမ္မတ ဘိုင်ဒန် ပြော

ဝါရှင်တန်၊ ဇူလိုင် ၂၅

ဇုလိုင် ၂၄ရက် အင်္ဂါနေ့ ညနေပိုင်းမှာ သမ္မတ ဂျိုးဘိုင်ဒန်က သူ့ရဲ့သမ္မတရုံးခန်းက‌‌ နေ သူ့ရွေးကောက်ပွဲက နုတ်ထွက်လိုက်တဲ့ အကြောင်းရင်းဟာ ဒီမိုကရေစီကို ကာကွယ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

နိုင်ငံနဲ့ဒီမိုကရေစီကို ကယ်တင်ပြီး “မျိုးဆက်သစ်ဆီကို တိုင်းပြည့်မီးရှူးတိုင်” လွှဲပေးဖို့ရာ ၂၀၂၄ သမ္မတရွေးကောက်ပွဲက နုတ်ထွက်ဖို့၊ သူ့ရဲ့မူလ ရည်မှန်းချက်ကို စွန့်လွတ်ဖို့ လိုအပ်တယ်လို့လည်း သမ္မက ပြောပါတယ်။

“ကျွန်တော်က ဒီရုံးကို လေးစားတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံကို ပိုချစ်တယ်” လို့လည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။ ။

လက်ရှိအခြေအနေမှာတော့ ရီပတ်ဗလီကန် ဘက်ကသမ္မတဟောင်း ဒေါ်နယ် ထရန်က ယှဉ်ပြိုင်မှာဖြစ်သလို ဒီမိုကရက်တစ် ဘက်ကတော့ လက်ရှိ သမ္မတ ကာမလာ ဟားရစ်စ်က ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။

Ref:CNN

ဆက်စပ် သတင်းများ

Most read