Homeပြည်တွင်းသတင်းကော့မှူးမြို့အနီး ဗဟိုပြုပြီးပြင်းအား ၄.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်

ကော့မှူးမြို့အနီး ဗဟိုပြုပြီးပြင်းအား ၄.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်

၁၁ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ ကော့မှူးမြို့အနီးမှာ ဇွန်လ ၁၁ ရက် နေ့လယ်ပိုင်းက ပြင်းအား ၄.၀ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ ငလျင်စောင့်ကြည့်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ငလျင်ဟာ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် ၁၆ စက္ကန့်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး ကော့မှူးမြို့ရဲ့ အနီးတဝိုက် ၅ မိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ သိရပါတယ်။

ထုတ်ပြန်ချက်အရ ငလျင်ရဲ့ ဗဟိုချက်ဟာ မြေအောက်အနက် ၁၀ ကီလိုမီတာမှာ တည်ရှိပြီး လတ္တီတွဒ် ၁၆.၆၂၈ နဲ့ လောင်ဂျီတွဒ် ၉၅.၈၆၂ နေရာမှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်လှုပ်ခတ်မှုကို ကော့မှူးမြို့နဲ့ အနီးပတ်ဝန်းကျင်ဒေသတွေက ပြည်သူအချို့ ခံစားသိရှိခဲ့ကြပြီး လူမှုကွန်ရက်ပေါ်မှာလည်း “၂ ချက်ဆင့်လှုပ်သလို ခံစားရတယ်”၊ “ကြောက်စရာကောင်းတယ်” ဆိုပြီး ရေးသားထားပါတယ်။

လတ်တလောအချိန်အထိငလျင်ကြောင့် လူထိခိုက်ဒဏ်ရာရမှု၊ အဆောက်အအုံ ပျက်စီးမှု ဒါမှမဟုတ် အခြားထိခိုက်ဆုံးရှုံးမှုတွေ ရှိ၊ မရှိကိုတော့ သက်ဆိုင်ရာက ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းအပါအဝင် မြန်မာနိုင်ငံအတွင်း နေရာအချို့မှာ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်နေခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ပြီး ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ ပညာရှင်တွေက အကြံပြုထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး