Homeပြည်တွင်းသတင်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်သမ္မတ မင်းအောင်လှိုင် ဖိတ်ခေါ်

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်သမ္မတ မင်းအောင်လှိုင် ဖိတ်ခေါ်

၂၀ ဧပြီ ၂၀၂၆ | New Day Myanmar

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ (EAO) အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စစ်သမ္မတ မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့အတူ လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့တွေကိုပါ စစ်တပ်အသွင်ပြောင်း အစိုးရသစ်ရဲ့ ရက်ပေါင်း ၁၀၀ ပြည့်မယ့် ဇူလိုင် ၃၁ ရက်မတိုင်မီ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

ဒီပြောကြားချက်ကို ဧပြီ ၂၀ ရက်နေ့မှာ စစ်သမ္မတမင်းအောင်းလှိုင်ရဲ့ နိုင်ငံတော်သမ္မတရုံးမှာ ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအတွင်း ထည့်သွင်းပြောကြားခဲ့တာပါ။

မင်းအောင်လှိုင်က NCA လက်မှတ်ရေးထိုးထားပြီး ၅ နှစ်အတွင်း တွေ့ဆုံမှု မပြုလုပ်သေးတဲ့ အဖွဲ့တွေဖြစ်တဲ့ KNU၊ CNF နဲ့ ABSDF တို့ကိုလည်း ပြန်လည်ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။

NCA အရ သဘောတူညီထားတဲ့ အချက် ၄၃ ချက်နဲ့ Union Accord အရ ရရှိထားတဲ့ သဘောတူညီချက်တွေကို လာမယ့် ပြည်ထောင်စုလွှတ်တော်တွေမှာ တင်ပြပြီး အဆင့်လိုက် ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

#မင်းအောင်လှိုင်

#EAO

#ငြိမ်းချမ်းရေးဆွေးနွေးမှု

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး