ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်း ဆောင် ဗိုလ်မှူးကြီးစောချစ်သူရဲ့ KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး နောက်လူပေါင်း ၂၀၀၀ ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
စစ်တပ်က မြ၀တီမြို့နယ်အတွင်းရှိ KK Parkကို စီးနင်းခဲ့ရာမှာ ဆောက်လုပ်ပြီးအဆောက်အအုံ ၁ ထပ်တိုက် ၁၀ လုံး၊ ၂ ထပ်တိုက် အလုံး ၁၀၀၊ ၄ ထပ်တိုက်အ လုံး၂၀၊ ၅ ထပ်တိုက် ၂ လုံး၊ ၁ ထပ်တိုက် ဈေးဆိုင်ခန်း၂၀ လုံး၊ ၂ ထပ်တိုက် ဈေး ဆိုင်ခန်း ၃၀ လုံး၊ ၁ ထပ်တိုက်ဂိုထောင် ၁၅ လုံး၊ ၂ ထပ်တိုက်ဂိုထောင် ၂၀ လုံး၊ ၄ ထပ်တိုက် ဂိုထောင် ၁၀ လုံး၊ ဆောက် လုပ်ဆဲ ၂ ထပ်တိုက် ၂၁ လုံး၊ ၃ ထပ်တိုက် ၁၀ လုံး၊ ၄ ထပ်တိုက် ၅ လုံး၊ ၅ ထပ်တိုက် ၅ လုံးနဲ့ ၁ ထပ်တိုက် ဆေးပေးခန်း ၂ ခန်းတို့ တွေ့ရှိသိမ်းဆည်းခဲ့တဲ့အပြင် Star Link စလောင်း အစုံ ၃၀ နဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် အလုပ်သမားအမျိုးသား ၁၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦး၊ လုံခြုံ ရေးအမျိုးသား ၉၈ ဦး စုစုပေါင်း ၂၁၉၈ ဦး ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချင်မှာတော့ KK Park ဝင်းအတွင်းရှိ အဆောက်အအုံဆောက်လုပ်လုပ်တာနဲ့ပတ်သက်လို့ ခွင့်ပြုမိန့် အထောက်အထားများမတွေရှိရတဲ့အပေါ် ဆင့်ခေါ်ရာမှာ လာရောက်တွေ့ဆုံတာမျိုးမရှိတဲ့အတွက် စစ်တပ်က လေးကေ့ကော်မြို့သစ်ကို တိုက်ခိုက်သိမ်းပိုက်ပြီး တဆက်တည်း ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နယ်မှာ အွန်လိုင်းကျားဖြန့်များ အခြေစိုက်တဲ့ ရွှေက္ကိုလ်မြို့သစ်စီမံကိန်း၊ ရထိုက်မြို့သစ်စီမံကိန်း၊ ဒေါင်မေဥယျာဉ်စီမံကိန်း (Dongmei Park)၊ Yulong Bay Park ၊ Apollo Park ၊ Jinxin Park ၊ KK Park ၊ မြ၀တီမြို့သစ် စတဲ့စီမံကိန်းများစွာကို BGF က ဦးဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းကြီးတခုဖြစ်တယ်လို့ သိရပါတယ်။
တပ်ဖွဲ့ဝင်အင်အား ၈,၀၀၀ ကျော်ရှိတဲ့
BGF ကို KNA အမည်ပြောင်းထားပြီး စစ်တပ်အနေနဲ့ တိုက်ရိုက် ပဋိပက္ခဖြစ်ပွားဖို့ ဆန္ဒမရှိဘူးလို့ အမေရိကန်အခြေစိုက် USIP ကသတင်းထုတ်ပြန်အပြီးမှာ အခု ဝင်ရောက်စီးနင်းလိုက်ခြင်းလည်းဖြစ်ပါတယ်။


