Homeပြည်တွင်းသတင်းစူပါတိုင်ဖုန်း "ရာဂါဆာ"ရဲ့ အရှိန်ကြောင့် ရန်ကုန်တိုင်းအပါ ပြည် နယ်နဲ့တိုင်းအချို့မှာ ရေကြီးတာ မြေပြိုတာတွေဖြစ်နိုင်

စူပါတိုင်ဖုန်း “ရာဂါဆာ”ရဲ့ အရှိန်ကြောင့် ရန်ကုန်တိုင်းအပါ ပြည် နယ်နဲ့တိုင်းအချို့မှာ ရေကြီးတာ မြေပြိုတာတွေဖြစ်နိုင်

၂၄ စက်တင်ဘာ ၂၀၂၅

စူပါတိုင်ဖုန်း “ရာဂါဆာ”ရဲ့ အရှိန်ကြောင့် ရန်ကုန်တိုင်းအပါ ပြည်နယ်နဲ့ တိုင်းအချို့မှာ ရေကြီးတာ ၊မြေပြိုတာတွေဖြစ်နိုင်တယ်လို့ အမျိုးသားညီညွှတ်ရေးအ စိုးရ(NUG)က အသိပေးနှိုးဆော်ထားပါတယ်။

စူပါတိုင်ဖုန်း “ရာဂါဆာ” ဟာ နောက် ၂၄ နာရီအတွင်း လာအိုနိုင်ငံကုန်းတွင်းပိုင်းကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဝင်ရောက်နိုင်ပြီး မြန်မာနိုင်ငံနေရာအနှံ့ မိုး သက်လေပြင်းကျရောက်တာ၊ မိုးကြီးတာတွေဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ နှိုးဆော်ထားတာဖြစ်ပါတယ်။

အဲဒီလေဖိအားနည်းရပ်ဝန်းဟာ နောက် ထပ် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ကိုရောက်ပြီး ပိုမိုအားကောင်းလာနိုင်ဖွယ်ရှိတယ်လို့လည်း အသိပေးထားပါတယ်။

ဒါကြောင့် မုန်တိုင်းငယ်အရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်နဲ့ကပ္ပလီပင်လယ်ပြင်တို့မှာ လေပြင်းတိုက်ခတ်တာ၊မိုးကြီးတာ၊လှိုင်းကြီးတာတွေဖြစ်ပေါ်နိုင်တဲ့အ တွက် စက်င်ဘာ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ ပင်လယ်ပြင်နဲ့ကမ်းရိုးတမ်းငါးဖမ်းထွက်တာတွေကို ရှောင်ရှားသင့်တယ်လို့ အသိပေးထားပါတယ်။

မြန်မာနိုင်ငံနေရာအနှံ့အပြား မိုးရွာသွန်းနိုင်တဲ့ အခြေအနေအရ ရှမ်းပြည်နယ်အ ရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ဧရာဝတီ တိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ တနင်္သာရီ တိုင်းတို့မှာ နေရာအနှံ့အပြားမိုးထစ်ခြုန်းရွာနိုင်ပြီး အချို့နေရာတွေမှာမိုးသက်လေပြင်းကျရောက်တာနဲ့ မိုးကြီးတာတို့ဖြစ်ပေါ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အထူးအသိပေးချက်အရ မိုးသုံးလေးရက် ရက်ဆက်တိုက်ရွာသွန်းတဲ့ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ချင်းပြည်နယ်တို့မှာမြေပြိုတဲ့အန္တရာယ်အပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နဲ့ပဲခူးတိုင်းတို့စတဲ့ မြို့ပြဒေသ‌တွေမှာ ရုတ်တရက်ရေကြီးရေလျှံတဲ့အန္တရာယ်ကိုအထူးသတိပြုဖို့ နှိုးဆော်ထားပါတယ်။

ပုံစာ-စက်တင်ဘာလ ၂၃ရက်နေ့ကနေ ၂၆ရက်နေ့အထိ ရွာသွန်းတဲ့ မိုးရေချိန်အခြေပြပုံ(NUG)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး