စစ်ကော်မရှင်ဟာ နိုင်ငံတော်နဲ့ ပြည်သူ လူထုရဲ့ အကြမ်းဖက်အဖွဲ့အစည်း ရန်သူဖြစ်တယ်လို့ ဒီကနေ့ စက်တင်ဘာ ၁၈ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ် စားပြုကော်မတီ(CRPH)နဲ့ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့က ပူးတွဲသဘောထားကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက စစ်ကော်မရှင်အပေါ်အ ကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့သလို ၂၀၂၄ခုနှစ်စက်တင်ဘာ ၅ ရက်မှာလည်း အမျိုးသားညီညွှတ်ရေးအစိုးရက ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်နဲ့ ပြည် သူလူထုရဲ့ ရန်သူအဖြစ်ကြေညာခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကော်မရှင်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေ နိုင်ငံတော်လုံးခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်လို့ အ သွင်ပြောင်းထားပေမဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒါအပြင် ၎င်းတို့ရဲ့လက်အောက်ခံ ဘယ်အဖွဲ့အစည်းမဆို အကြမ်းဖက်အဖွဲ့ဝင်သာ ဖြစ်ကြောင်း၊ တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့နဲ့ တော်လှန် ရေးအင်အားစုတွေအပေါ် အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေညာချက်ဟာ တရားဝင်ပျက်ပယ်ကြောင်း ဖော်ပြထားပါတယ်။
ဒါကြောင့် စစ်ကော်မရှင်ရဲ့ လုပ်ဆောင် ချက်အားလုံးဟာ တရားမဝင်ကြောင်းနဲ့
NUG အနေနဲ့ စစ်ကော်မရှင်အပေါ် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အရေး ယူသွားမယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
စစ်ကော်မရှင်ဟာ ၎င်းတို့လုပ်မဲ့တရားမဝင်ရွေးကောက်ပွဲ အထမြောက်အောင်နဲ့ မဲဆန္ဒနယ်မြေတွေ ကျယ်ကျယ်ပြန့်ပြန်ရရှိဖို့ နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခြိမ်းခြောက်နေတာကိုလည်း တွေ့မြင်ရပါတယ်။


