Homeပြည်တွင်းသတင်းစစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်အားလုံးပါဝင်၊ ဖားကန့်ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေဆဲ

စစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်အားလုံးပါဝင်၊ ဖားကန့်ဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေဆဲ

၁၈ ဩဂုတ် ၂၀၂၅

စစ်ကော်မရှင်ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဖားကန့်မြို့နယ်ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်အားလုံးပါဝင်နေတာတွေ့ရှိရပြီး လက်တွေ့မြေပြင်အခြေဟာ နေ့စဉ် တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေသခံတဦးကNew Day Myanmar ကို ပြောပါတယ်။

ဖားကန့်ဒေသ မဲဆန္ဒနယ်‌မြေမှာ မဲအများဆုံးရသူ အနိုင်ယူစနစ်နဲ့ကျင်းပပြုလုပ်မယ်လို့ စစ်ကော်မရှင် UEC က ထုတ်ပြန်ထားပြီး၊ ပြည်သူ့လွှတ်တော်က်ုယ်စားလှယ်တဦးအတွက် ဖားကန့်မြို့နယ်တခုလုံး ပါဝင်လာတာဖြစ်ပါတယ်။

“အခုထိကို တိုက်ပွဲတွေကဖြစ်နေတုန်း၊ အချိန်မရွေးလက်နက်ကြီးတွေနဲ့ပစ်တယ်။လေကြောင်းတိုက်ခိုက်တာတွေရှိတယ်။ ရွေးကောက်ပွဲအတွက်မံထည့်ဖို့နေနေ သာသာ ဒေသခံတွေက စစ်ရှောင်နေကြတာ ပွစာကြဲနေပြီ”ဟု ဆိုပါတယ်။

ဒီနေ့ ဩဂုတ်လ ၁၈ ရက်မှာတော့ စစ်ကော်မရှင်ရဲ့ ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ ၂၈ ရက်နေ့မှာရွေးကောက်ပွဲ အပိုင်း ၁ အနေနဲ့ ကျင်းပမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဖားကန့်မဲဆန္ဒနယ်‌မြေအပါ ကချင်ပြည်နယ်တပြည်နယ်လုံးအတွက် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်ကို မဲန္ဒနယ်တခုမှာ ၁ ဦးစီနဲ့ ၁၈ ဦး သတ်မှတ်ထားတာကို တွေ့ရှိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး