၆ ဧပြီ ၂၀၂၆ | New Day Myanmar
ဒီနေ့ ဧပြီ ၆ ရက် နေ့လည် ၂ နာရီခွဲခန့်က မဲဆောက်နဲ့ တာ့ခ်သွားရာ လမ်းမပေါ်မှာ ခရီးသည်တင်ဗင်ကားတစ်စီးက နောက်တွဲယာဉ်ကို အနောက်ကနေ ဝင်တိုက်မိခဲ့ပြီး လူ ၅ ဦးသေဆုံးကာ ၉ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေမှာ အမျိုးသား ၂ ဦးနဲ့ ခရီးသည် အမျိုးသမီး ၄ ဦး ပါဝင်တယ်လို့ သိရပါတယ်။
ဖြစ်ပွားချိန်မှာ ကယ်ဆယ်ရေးအဖွဲ့တွေက ချက်ချင်း ရောက်ရှိလာပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို Somdej Phra Taksin Maharaj Hospital ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ သက်ဆိုင်ရာဘက်က ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး ထိခိုက်သေဆုံးသူတွေ ထဲမှာ မြန်မာနိုင်ငံသားတွေ ပါဝင်လားဆိုတာတော့ New Day Myanmar က ဆက်လက်စုံစမ်းဆေးနေဆဲဖြစ်ပါတယ်။


