Homeပြည်တွင်းသတင်းမဲဆောက်မှာ မြန်မာ LGBT တဦး လုယက်အသတ်ခံရ

မဲဆောက်မှာ မြန်မာ LGBT တဦး လုယက်အသတ်ခံရ

၂၀ ဇန်နဝါရီ ၂၀၂၅

ထိုင်း–မြန်မာနယ်စပ် မဲဆောက်မြို့မှာမြန်မာနိုင်ငံသား LGBT တဦးကို ပစ္စည်းတွေလုယက်သတ်ဖြတ်သွားကြောင်း နီးစပ်သူတွေထံက သိရပါတယ်။

အဆိုပါသူမှာ TikTok ပေါ်တွင် လူသိများတဲ့ ဆယ်လီတဦးဖြစ်ပြီး “ဧရာဝတီမ” ဟု လူသိများသူ ဖြစ်ပါတယ်။ ယမန်နေ့ည ၁၂ နာရီကျော်အထိ အိမ်ပြန်မရောက်လာတာကြောင့် မိသားစုနဲ့ နီးစပ်သူတွေက ဓာတ်ပုံတွေနဲ့ လူမှုကွန်ရက်စာမျက်နှာမှာ လူပျောက်ကြော်ငြာ ထုတ်ပြန်ကာ အကူအညီတောင်းခံခဲ့ကြပါတယ်။

အဲ့ဒီနောက် ဒီနေ့ ဇန်နဝါရီ ၂၀ ရက် နေ့လယ်ပိုင်းမှယ မယ်တောင် TK စက်ရုံအနားက တောင်ယာခင်းတစ်နေရာမာအလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရပါတယ်။

နီးစပ်သူတွေရဲ့ပြောကြားချက်အရ သေဆုံးသူဟည အဓမ္မပြုကျင့်ခံထားရပြီး ရိုက်နှက်သတ်ဖြတ်ခံရသည့် အနေအထားဖြင့် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် သူနဲ့အတူပါသွားတဲ့ iPhone 17 Pro Max ဖုန်း၊ ရွှေဆွဲကြိုး၊ ဟန်းချိန်းနဲ့လက်စွပ်လည်း ပျောက်ဆုံးနေကြောင်း ကနဦးသတင်းအရ သိရပါတယ်။

လက်ရှိမှာ ထိုင်းအာဏာပိုင်တွေက အခင်းဖြစ်ပွားရာနေရာက သံသယရှိသူတဦးရဲ့ ပန်းရောင်ကတ်ကို ရရှိထားပြီး သံသယတရားခံကို ရှာဖွေနေပြီး ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

Related News

Most Read