Homeနိုင်ငံတကာသတင်းမဲဆောက်မှာ StarLink ၁၉ လုံး နဲ့အတူ မြန်မာနိုင်ငံသား ဆယ်ဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

မဲဆောက်မှာ StarLink ၁၉ လုံး နဲ့အတူ မြန်မာနိုင်ငံသား ဆယ်ဦးကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

၉ ဩဂုတ်၊၂၀၂၄

ထိုင်းနိုင်ငံမဲဆောက်မြို့မှာ StarLink အင်တာနက်စက် ၁၉ လုံးနဲ့အတူ မြန်မာလူမျိုး ၁၀ ဦးကို မဲဆောက်ရဲ တပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဩဂုတ်လ ၇ ရက်နေ့က သတင်းထုတ်ပြန် ထားပါတယ်။

မြန်မာနိုင်ငံကိုပို့မယ့် ပါဆယ်ထုပ်တစ်ခုထဲမှာ StarLink ဆယ်လုံးကို သိမ်းဆည်းရမိပြီးနောက် နောက်ဆက်တွဲ စုံစမ်းရာမှာ လူငယ်နှစ်ဦးကို StarLink ကိုးလုံးနဲ့ ထပ်မိခဲ့တာဖြစ်တယ်လို့လည်း သတိရပါတယ်။

အဖမ်းခံရတဲ့သူတွေဟာ အသက် ၂၇ နှစ်အရွယ်တွေဖြစ်တဲ့ ကိုဟိန်းထက်အောင်နဲ့ ကိုဘုန်းမြင့်ကျော်တို့ ဖြစ် ကြောင်းနဲ့ အဲဒီအမှုနဲ့ ဆက်စပ်ပြီး နောက်ထပ်နေရာတစ်ခုကို ထပ်မံရှာဖွေတဲ့အခါမှာ တရားမဝင်အလုပ်လုပ်ကိုင် နေတဲ့ မြန်မာနိုင်ငံသား ရှစ်ဦးကို ထပ်မံရှာဖွေဖမ်းမိတယ်လို့ မဲဆောက်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ StarLink စက်တွေကို ဘန်ကောက်မြို့ ကနေ ပုဂ္ဂလိကပို့ဆောင်ရေးကုမ္ပဏီတစ်ခုနဲ့ မဲဆောက်မြို့ကို ပို့လာချိန် သတင်းပေးချက် အရ မဲဆောက် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဆက်သွယ်ရေးဥပဒေ၊ အကောက်ခွန်ဥပဒေတွေနဲ့ ငြိစွန်းနေပြီး ဖမ်းမိထားတဲ့လူတွေကို ဆက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

အခုဖမ်းမိတဲ့ Starlink စက်တွေဟာ ရာဇတ်ဝတ်မှုကျူးလွန်တဲ့အဖွဲ့တွေနဲ့ အွန်လိုင်းလောင်းကစား လုပ်တဲ့နေရာတွေကို ပို့ဆောင်ဖို့လို့ ယူဆရကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Related News

Most Read