Homeပြည်တွင်းသတင်းသမ္မတနဲ့ ဒုသမ္မတ ရွေးချယ်တာကို မတ်လ ၃၀ မှာ စတင်မယ်လို့ စစ်ကော်မရှင်ရဲ့ လွှတ်တော် ကြေညာ

သမ္မတနဲ့ ဒုသမ္မတ ရွေးချယ်တာကို မတ်လ ၃၀ မှာ စတင်မယ်လို့ စစ်ကော်မရှင်ရဲ့ လွှတ်တော် ကြေညာ

၂၀ မတ် ၂၀၂၆ | New Day Myanmar

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ပထမနေ့မှာ သမ္မတနဲ့ ဒုသမ္မတ ရွေးချယ်တာကို မတ်လ ၃၀ မှာ စတင်မယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ကြေညာလိုက်ပါတယ်။

သမ္မတနဲ့ ဒုသမ္မတ ရွေးချယ်တာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ (၃) ခုဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့နဲ့ စစ်ကော်မရှင်ဘက်က ကိုယ်စားလှယ်အစုအဖွဲ့တွေက ဥပဒေနဲ့အညီ ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

အဲဒီ အစုအဖွဲ့ (၃) ခုက သတ်မှတ်ရွေးချယ်လာတဲ့ နာမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးဆီကို တင်ပြရမှာဖြစ်ပြီး သမ္မတနဲ့ ဒုသမ္မတတွေကို ဆက်လက် ရွေးချယ်တင်မြောက်သွားမယ်လို့ သိရပါတယ်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအရ လွှတ်တော်သက်တမ်းရဲ့ ပထမလ (၃၀) အတွင်းမှာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေက ပြည်ထောင်စုလွှတ်တော် နာယကနဲ့ ဒုနာယကအဖြစ် ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီနေ့ မတ်လ ၂၀ ရက်မှာ စစ်ကော်မရှင်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ပထမနေ့မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၄၂၀ ဦးနဲ့ စစ်တပ် ကိုယ်စားလှယ် ၁၆၆ ဦး တက်ရောက်ခဲ့ကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး