ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ် ၃၁၈ အနီးက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ဒီကနေ့ ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီကစလို့ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်နေတာကြောင့် လမ်းပိုင်းအသုံးပြုတဲ့သူတွေ သတိထားသွားလာကြဖို့နဲ့ လက်ရှိမှာ လမ်းပိုင်းလည်း ယာယီ ပိတ်ဆို့နေတယ်လို့ သိရပါတယ်။
“၃၁၈ မိုင်ဆိုတာက မန္တလေးမြို့ထဲဝင်တော့မယ်လေ။ တံတားဦးနဲ့မိတ္ထီလာကြားမှာပါ။ ဒီမနက် ရန်ကုန်ကိုသွားဖို့ မန္တလေးကအထွက်မှာ တိုက်ပွဲဖြစ်နေတယ်ဆိုလို့ စောင့်နေတာ အချိန်က နေ့လည်ပိုင်းလည်းရောက်နေပြီ။ ရန်ကုန်အဝင်နောက်ကျသွားနိုင်တာရော ညပိုင်းမမောင်းချင်တာရော နောက်ရက် အေးဘဆေးဖြစ်မှဘဲ သွားတော့မယ်”ဟု မန္တလေးမြို့က New Day Myanmar ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ
ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ် ၃၁၈- ၃၁၉ အနီးက ပြင်စည်အမြန်လမ်းရဲကင်းစခန်းကို တိုက်ခိုက်နေတာလို့ သိရပါတယ်။
တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အသိ ပေးထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။
အမြန်လမ်းတိုက်ပွဲတွေနဲ့ပတ်သက်လို့ မလိုအပ်ဘဲ အမြန်လမ်းအသုံးမပြုဖို့၊ ကားမှန်ချမောင်းဖို့၊ လမ်းကို ညပိုင်းအသုံးမပြုကြဖို၊ တိုက်ပွဲဖြစ်ပွားရင် ရောက်ရာနေရာမှာ ရပ်တန့်ပြီး လုံခြုံတဲ့နီးစပ်ရာနေရာတွေမှာနေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်အမြန်လမ်းတိုက်ပွဲဖော်ဆောင်နေစဉ်ကတည်းက သတိပေးထားပါတယ်။
ဓာတ်ပုံ-CJ


