Homeပြည်တွင်းသတင်းမန္တလေးတိုင်းမှာ အင်အား ၄.၇ အဆင့် ငလျင်ထပ်လှုပ်ပြန်

မန္တလေးတိုင်းမှာ အင်အား ၄.၇ အဆင့် ငလျင်ထပ်လှုပ်ပြန်

၁၆ ဇူလိုင် ၂၀၂၅

ဒီကနေ့ ဇူလိုင်၁၆ ရက် မနက် ၃ နာရီခွဲအချိန်မှာ မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်ကို ဗဟိုပြုပြီး အင်အား ၄.၇ အဆင့် ငလျင်ထပ်လှုပ်ခဲ့တယ်လို့ မန္တလေး ဒေသခံတွေဆီကနေသိရပါတယ်။

ဒါအပြင် ကျောက်ဆည်မြို့ကို ဗဟိုပြုပြီး အင်အား ၄.၉ အဆင့် ငလျင်တွေလှုပ်ခတ်သွားတယ်လို့ သိရပါတယ်။

ငလျင်လှုပ်ခတ်မှုကို မြို့ခံတွေသိသိသာသာခံစားခဲ့ရပြီးကြောက်လန့်တကြား နေအိမ်ပြင်ပတွေကို ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

“မန္တလေး ငလျင် အတော်ကြမ်းကြမ်း လှုပ်သွားပါတယ်။အတော်လေးကိုကြမ်းပါတယ်ဗျာ။အိပ်နေတဲ့ လူတွေအကုန်းနိုး လမ်းပေါ်ထွက်ပြေးခဲ့ရတယ်။”လို့ ဒေသ ခံတစ်ဦးက ‌သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေထားပါတယ်။

အခုနှစ် မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၇အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ပြီတဲ့နောက်မှာ ဒီလိုနောက် ဆက်တွဲငလျင်တွေဟာ ဆက်တိုက်လှုပ်ခတ်နေတာဘဲဖြစ်ပါတယ်။

စစ်ကောင်စီ မိုး/ဇ ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ငလျင်လှုပ်ခတ်မှုဟာ ဒီကနေ့အချိန်အထိ ၂၀၅ ကြိမ်ရှိခဲ့ပြီလို့ အသိ‌ပေးထားပါတယ်။

ဓာတ်ပုံ- Kyaw Gyi MDY

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး