Homeပြည်တွင်းသတင်းလားရှိုးကို စစ်ကောင်စီထံပြန်အပ်ခိုင်းတဲ့ တရုတ်က မြန်မာပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ဘူးလို့ပြော

လားရှိုးကို စစ်ကောင်စီထံပြန်အပ်ခိုင်းတဲ့ တရုတ်က မြန်မာပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ဘူးလို့ပြော

၂၂ ဧပြီ၊ ၂၀၂၅

လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်အပ်ဖို့ ဖိအားပေးခဲ့တဲ့ တရုတ်နိုင်ငံက ဧပြီ ၂၁ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ တရုတ်အနေနဲ့ မြန်မာပြည်တွင်းရေကို စွက်ဖက်တဲ့ မှုဝါဒမရှိဘူးလို့ ပြောလိုက်ပါတယ်။

လတ်တလောမှာ ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်အပ်ဖို့ တရုတ်က ကိုးကန့်တပ်ကို ဖိအားပေးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး AFP သတင်းထောက်က မေးရာမှာ ခုလိုဖြေကြားခဲ့တာပါ။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က” တရုတ်ရဲ့ မြန်မာနဲ့ပတ်သက်တဲ့ ရပ်တည်ချက်ကရှင်းပါတယ်။ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမျိုးမရှိပါဘူး။ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်််််ဖို့တရုတ်က မြန်မာကို ကူညီတာပါ။”လို့ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းကိုယ်တိုင် လားရှိုးကိုရောက်နေပြီး အပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ဆိုတဲ့ အဖွဲ့ကို ဦးစီးကာ လားရှိုးကို စစ်ကောင်စီလက်ထဲ ပြန်ထည့်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read